ဒဏ္ရာေၾကာင့္ ဂါနာအသင္းနဲ႕ သြားကစားဖို႔ မျဖစ္နိုင္တဲ့ ေသာမတ္စ္ ပါေတး

အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ပါေတးဟာ တနဂၤေႏြေန႔က အက္စတြန္ဗီလာအသင္းနဲ႔ ပြဲမွာ ရရွိခဲ့တဲ့ ေပါင္ျခံဒဏ္ရာေၾကာင့္ လက္ေရြးစင္ပြဲေတြ သြားကစားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းဆီကေန ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ေသာမတ္စ္ပါေတးဟာ အက္စတြန္ဗီလာ ဂိုးသမား မာတီနက္ဇ္နဲ႔ ထိခိုက္မိျပီး ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

သူဟာ ေနာက္တစ္ပတ္မွာ ဂါနာလက္ေရြးစင္အသင္းရဲ႕ အာဖရိကႏိုင္ငံမ်ားဖလား ေျခစစ္ပြဲျဖစ္တဲ့ ဆူဒန္အသင္းနဲ႔ ကစားမယ့္ပြဲကို ေဆးစစ္ခ်က္ ရလဒ္ကို ေစာင့္ရမွာျဖစ္လို႔ လြဲရေတာ့မွာပါ။ အက္စတြန္ဗီလာအသင္းနဲ႔ ပြဲအျပီးမွာ ကြင္းလယ္ခံစစ္ကစာသမားရဲ႕ အေျခအေနနဲ႔ ပတ္သက္ျပီး အာဆင္နယ္နည္းျပ အာတီတာကို ေမးျမန္းခဲ့ပါတယ္။

“ ကၽြန္ေတာ္တို႔ မသိေသးပါဘူး။ သူ႔ကို မနက္ျဖန္ ဒါမွမဟုတ္ သဘက္ခါမွာ စစ္ေဆးရမွာပါ။ ဒဏ္ရာအတိမ္အနက္ကို အဲ့ဒီက်မွ သိမွာပါ။ ဂါနာအသင္းနဲ႔ ပူးေပါင္းမလားဆိုတာကိုလည္း မသိေသးပါဘူး။ သူ႔ကို စစ္ေဆးျပီးမွ သိရမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

ေသာမတ္စ္ပါေတးဟာ အာဆင္နယ္အသင္းနဲ႔ စတင္ကစားခဲ့တဲ့ပြဲေတြမွာ ေျခစြမ္းျပခဲ့ျပီး ရက္ပစ္ဗီယန္နာ နဲ႔ ယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ပြဲေတြမွာ ခ်ီးက်ဴးခံခဲ့ရသူျဖစ္ပါတယ္။ ႏိုင္ငံတကာပြဲေတြျပီးရင္ အာဆင္နယ္အသင္းဟာ ႏို၀င္ဘာလ ၂၂ ရက္ေန႔မွာ လိဒ္ယူႏိုက္တက္အသင္းကို အေ၀းကြင္းမွာ သြားကစားရမွာပါ။

Unicode

အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် လက်ရွေးစင်ပွဲတွေ သွားကစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဆီကနေ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ သောမတ်စ်ပါတေးဟာ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ်နဲ့ ထိခိုက်မိပြီး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

သူဟာ နောက်တစ်ပတ်မှာ ဂါနာလက်ရွေးစင်အသင်းရဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲဖြစ်တဲ့ ဆူဒန်အသင်းနဲ့ ကစားမယ့်ပွဲကို ဆေးစစ်ချက် ရလဒ်ကို စောင့်ရမှာဖြစ်လို့ လွဲရတော့မှာပါ။ အက်စတွန်ဗီလာအသင်းနဲ့ ပွဲအပြီးမှာ ကွင်းလယ်ခံစစ်ကစာသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာကို မေးမြန်းခဲ့ပါတယ်။

“ ကျွန်တော်တို့ မသိသေးပါဘူး။ သူ့ကို မနက်ဖြန် ဒါမှမဟုတ် သဘက်ခါမှာ စစ်ဆေးရမှာပါ။ ဒဏ်ရာအတိမ်အနက်ကို အဲ့ဒီကျမှ သိမှာပါ။ ဂါနာအသင်းနဲ့ ပူးပေါင်းမလားဆိုတာကိုလည်း မသိသေးပါဘူး။ သူ့ကို စစ်ဆေးပြီးမှ သိရမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

သောမတ်စ်ပါတေးဟာ အာဆင်နယ်အသင်းနဲ့ စတင်ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီး ရက်ပစ်ဗီယန်နာ နဲ့ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာ ချီးကျူးခံခဲ့ရသူဖြစ်ပါတယ်။ နိုင်ငံတကာပွဲတွေပြီးရင် အာဆင်နယ်အသင်းဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ လိဒ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သွားကစားရမှာပါ။