ဘယ္လင္ဟမ္ကို အာဆင္နယ္ လက္ဦးနုိင္ရက္နဲ႕ မေခၚနိုင္ခဲ့တဲ့ အီဒူးကို ျပစ္တင္လိုက္တဲ့ တိုနီအဒမ္

အာဆင္နယ္ အသင္း ဂႏၴဝင္ေနာက္ခံလူေဟာင္း တိုနီအဒမ္ကေတာ့ ေဒါ့မြန္အသင္းကို ေရာက္သြားခဲ့တဲ့ ဘယ္လင္ဟမ္ကို မေခၚယူခဲ့တဲ့ အသင္း ဒါရိုက္တာ အီဒူးကို အျပစ္တင္ေဝဖန္လိုက္ပါတယ္။ အာဆင္နယ္အသင္းဟာ အဆိုပါ ဘာမင္ဂမ္သားကို အျခားအသင္းေတြထက္ လက္ဦးဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကလည္း ဘယ္လင္ဟမ္ကို ေခၚယူဖို႔ နီးစပ္ခဲ့ၿပီး ကစားသမားဟာ ယူႏိုက္တက္ရဲ႕ေလ့က်င့္ေရးကြင္းကို လာေရာက္ခဲ့ကာ ဆိုးလ္ရွား ၊ ဖာဂူဆန္ ၊ ဝုဝါ့ဒ္တို႔နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ တိုနီအဒမ္က အာဆင္နယ္အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က အီဒူး မေရာက္ခင္ကတည္းက ဘယ္လင္ဟမ္ကို ႀကိဳးစားထားသင့္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏိုဝင္ဘာလက အထုတ္ခံခဲ့ရတဲ့ လူငယ္ကင္းေထာက္ စတိဗ္ေမာ္႐ိုးကလည္း ဘယ္လင္ဟမ္ကို ေခၚယူဖို႔ ေဆြးေႏြးရာမွာ အဓိက ေနရာကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္က အသက္ ၁၇ ႏွစ္သားကိုေခၚယူဖို႔ ေဆြးေႏြးရာမွာ ေသြးေအးခဲ့ၿပီး အဆုံးသတ္မွာ ေဒါ့မြန္က ေပါင္သန္း ၃၀ နဲ႔ လက္ဦးမႈ ရယူခဲ့ပါတယ္။

“အာဆင္နယ္က လက္ဦးခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ေဒါ့မြန္ကပဲ လက္ဦးခဲ့ပါတယ္။ အာဆင္နယ္အေနနဲ႔ ေစာေစာစီးစီး လက္ဦးမႈ ရယူခဲ့သင့္တာပါ။ အီဒူးက ဘရာဇီးကေရာက္လာခဲ့ေပမယ့္လည္း အဲ့အေျပာင္းအေ႐ႊ႕အေၾကာင္း ဘာမွ မသိလိုက္ရပါဘူး ” လို႔ တိုနီအဒမ္က ေျပာၾကားခဲ့ပါတယ္။

“ဘယ္လင္ဟမ္က ကစားသမားေကာင္း တစ္ဦးပါ။ သူ႔ကို အာဆင္နယ္ ရလိုက္မယ္ဆိုရင္ အသင္းအတြက္ တကယ္ေကာင္းလာႏိုင္ပါတယ္။ အဲ့လိုကစားသမားမ်ိဳးလိုအပ္တာပါ။ သူ႔မွာ အရည္အခ်င္းေကာင္းေတြ ရွိေပမယ့္ အခုေတာ့ သူမမွန္ကန္တဲ့ကလပ္အသင္းကို ေျပာင္းခဲ့ရပါတယ္။ အာဆင္နယ္ကေတာ့ ကစားသမားေကာင္း တစ္ဦးကို လက္လႊတ္ခဲ့ရတာပါ” လို႔ တိုနီအဒမ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Unicode

အာဆင်နယ် အသင်း ဂန္ထဝင်နောက်ခံလူဟောင်း တိုနီအဒမ်ကတော့ ဒေါ့မွန်အသင်းကို ရောက်သွားခဲ့တဲ့ ဘယ်လင်ဟမ်ကို မခေါ်ယူခဲ့တဲ့ အသင်း ဒါရိုက်တာ အီဒူးကို အပြစ်တင်ဝေဖန်လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါ ဘာမင်ဂမ်သားကို အခြားအသင်းတွေထက် လက်ဦးဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပြီး ကစားသမားဟာ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ကာ ဆိုးလ်ရှား ၊ ဖာဂူဆန် ၊ ဝုဝါ့ဒ်တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တိုနီအဒမ်က အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က အီဒူး မရောက်ခင်ကတည်းက ဘယ်လင်ဟမ်ကို ကြိုးစားထားသင့်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက အထုတ်ခံခဲ့ရတဲ့ လူငယ်ကင်းထောက် စတိဗ်မော်ရိုးကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ဆွေးနွေးရာမှာ အဓိက နေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်က အသက် ၁၇ နှစ်သားကိုခေါ်ယူဖို့ ဆွေးနွေးရာမှာ သွေးအေးခဲ့ပြီး အဆုံးသတ်မှာ ဒေါ့မွန်က ပေါင်သန်း ၃၀ နဲ့ လက်ဦးမှု ရယူခဲ့ပါတယ်။

“အာဆင်နယ်က လက်ဦးခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဒေါ့မွန်ကပဲ လက်ဦးခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ စောစောစီးစီး လက်ဦးမှု ရယူခဲ့သင့်တာပါ။ အီဒူးက ဘရာဇီးကရောက်လာခဲ့ပေမယ့်လည်း အဲ့အပြောင်းအရွှေ့အကြောင်း ဘာမှ မသိလိုက်ရပါဘူး ” လို့ တိုနီအဒမ်က ပြောကြားခဲ့ပါတယ်။

“ဘယ်လင်ဟမ်က ကစားသမားကောင်း တစ်ဦးပါ။ သူ့ကို အာဆင်နယ် ရလိုက်မယ်ဆိုရင် အသင်းအတွက် တကယ်ကောင်းလာနိုင်ပါတယ်။ အဲ့လိုကစားသမားမျိုးလိုအပ်တာပါ။ သူ့မှာ အရည်အချင်းကောင်းတွေ ရှိပေမယ့် အခုတော့ သူမမှန်ကန်တဲ့ကလပ်အသင်းကို ပြောင်းခဲ့ရပါတယ်။ အာဆင်နယ်ကတော့ ကစားသမားကောင်း တစ်ဦးကို လက်လွှတ်ခဲ့ရတာပါ” လို့ တိုနီအဒမ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။