ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး အတြဲအဖက္ ျဖစ္လာနုိင္တဲ့ ဂန္းနားနွစ္ဦး တိုနီအဒမ္ ေထာက္ျပ

အာဆင္နယ္ ဂႏၴဝင္ ေနာက္ခံလူေဟာင္း တိုနီအဒမ္က ေရာ့ဘ္ဟိုးလ္ဒင္း နဲ႔ ဂါဘရီရယ္တို႔အတြဲဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဗဟို ခံစစ္ အတြဲ ျဖစ္လာႏိုင္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဟိုးလ္ဒင္းနဲ႕ ဂါဘရီရယ္တို႔ အတြဲဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၄ ပြဲကို အတူတြဲ ကစားထားၿပီး ၿပီးခဲ့တဲ့ ယူႏိုက္တက္ နဲ႔ ဗီလာအသင္းတို႔ ပြဲမွာလည္း ပြဲထြက္ကစားခဲ့ကာ အစြမ္းျပခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ တနဂၤေႏြေန႔က ဗီလာအသင္းကို အေရးနိမ့္ခဲ့တဲ့ပြဲမွာေတာ့ ေနာက္တန္းက မကာကြယ္ႏိုင္ခဲ့ပါဘူး။

ဂါဘရီရယ္ဟာ ေႏြရာသီတုန္းက လိုင္လီကေန အာဆင္နယ္ကို ေပါင္ ၂၇ သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ကာ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ ျပသႏိုင္ခဲ့ပါတယ္။ ဘရာဇီးသားဟာ အာဆင္နယ္ကို ေရာက္လာၿပီးခ်ိန္ကတည္းက စြမ္းေဆာင္ရည္ေကာင္းေတြျပသေနၿပီး အသင္း ေနာက္တန္းရဲ႕ အားထားရတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

တိုနီအဒမ္ကေတာ့ အာတီတာ ေသခ်ာ ထိန္းေက်ာင္း ေလ့က်င့္ျပီးရင္း ဟိုးလ္ဒင္းနဲ႔ ဂါဘရီရယ္အတြဲဟာ အာဆင္နယ္ ေနာက္တန္းရဲ႕ အဓိက ေနာက္ခံလူေတြျဖစ္လာျပီး ပရီးမီးယားလိဂ္ အေကာင္းဆံုး ျဖစ္လာမယ္လို႔ ထင္ျမင္ေနပါတယ္။

“သူတို႔ ၂ ဦးအတြဲက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး အတြဲ ျဖစ္လာႏိုင္ပါတယ္။ ေရာ့ဘ္တစ္ေယာက္ ဒဏ္ရာ ရခဲ့ေပမယ့္ အေကာင္းဆုံး ျပန္လာႏိုင္ခဲ့ပါတယ္။ သူတို႔ ၂ ဦး အခုထက္ပိုၿပီး အတြဲညီေအာင္ ေလ့က်င့္သင့္ပါတယ္။ အဲ့လိုသာလုပ္ေဆာင္ႏိုင္ခဲ့ရင္ အေကာင္းဆုံး အတြဲ ျဖစ္လာႏိုင္ပါတယ္ ”လို႔ တိုနီအဒမ္က သံုးသပ္ ေျပာၾကားခဲ့ပါတယ္။

အာတီတာဟာ ဟိုးလ္ဒင္းကို ဒီႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အငွားခ်ဖို႔ စီစဥ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဆုံးျဖတ္ခ်က္ျပန္လည္ေျပာင္းလဲခဲ့ၿပီး အသင္းမွာ ဆက္ထိန္းခဲ့တာျဖစ္ပါတယ္။

Unicode

အာဆင်နယ် ဂန္ထဝင် နောက်ခံလူဟောင်း တိုနီအဒမ်က ရော့ဘ်ဟိုးလ်ဒင်း နဲ့ ဂါဘရီရယ်တို့အတွဲဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟို ခံစစ် အတွဲ ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဟိုးလ်ဒင်းနဲ့ ဂါဘရီရယ်တို့ အတွဲဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၄ ပွဲကို အတူတွဲ ကစားထားပြီး ပြီးခဲ့တဲ့ ယူနိုက်တက် နဲ့ ဗီလာအသင်းတို့ ပွဲမှာလည်း ပွဲထွက်ကစားခဲ့ကာ အစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့က ဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာတော့ နောက်တန်းက မကာကွယ်နိုင်ခဲ့ပါဘူး။

ဂါဘရီရယ်ဟာ နွေရာသီတုန်းက လိုင်လီကနေ အာဆင်နယ်ကို ပေါင် ၂၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ အာဆင်နယ်ကို ရောက်လာပြီးချိန်ကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အသင်း နောက်တန်းရဲ့ အားထားရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

တိုနီအဒမ်ကတော့ အာတီတာ သေချာ ထိန်းကျောင်း လေ့ကျင့်ပြီးရင်း ဟိုးလ်ဒင်းနဲ့ ဂါဘရီရယ်အတွဲဟာ အာဆင်နယ် နောက်တန်းရဲ့ အဓိက နောက်ခံလူတွေဖြစ်လာပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ဖြစ်လာမယ်လို့ ထင်မြင်နေပါတယ်။

“သူတို့ ၂ ဦးအတွဲက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အတွဲ ဖြစ်လာနိုင်ပါတယ်။ ရော့ဘ်တစ်ယောက် ဒဏ်ရာ ရခဲ့ပေမယ့် အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့ ၂ ဦး အခုထက်ပိုပြီး အတွဲညီအောင် လေ့ကျင့်သင့်ပါတယ်။ အဲ့လိုသာလုပ်ဆောင်နိုင်ခဲ့ရင် အကောင်းဆုံး အတွဲ ဖြစ်လာနိုင်ပါတယ် ”လို့ တိုနီအဒမ်က သုံးသပ် ပြောကြားခဲ့ပါတယ်။

အာတီတာဟာ ဟိုးလ်ဒင်းကို ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ အငှားချဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲခဲ့ပြီး အသင်းမှာ ဆက်ထိန်းခဲ့တာဖြစ်ပါတယ်။