ၿပိဳင္ဘက္ေတြ ေက်ာ္ျဖတ္ရ လြယ္လြန္းတဲ့ အာဆင္နယ္ ခံစစ္မႉး ဘယ္လာရင္ ကို ဆိုးကမ္းဘဲ ေဝဖန္

အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ ကစားသမားတစ္ဦးျဖစ္တဲ့ ဆိုးကမ္းဘဲကေတာ့ အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာသံုးဂိုးျပတ္နဲ႔ အေရး နိမ့္ၿပီးေနာက္ အသင္းရဲ႕ညာေနာက္ခံလူျဖစ္တဲ့ ဘယ္လာရင္ကို လူသိရွင္ၾကား ေဝဖန္ခဲ့ပါတယ္။

ဆိုးကမ္းဘဲ က ဘယ္လာ ရင္အေနနဲ႔ ေနာက္ခံလူေကာင္း တစ္ဦးမဟုတ္တာေၾကာင့္ သူကို ၿပိဳင္ဘက္ အသင္းကစားသမားေတြအေနနဲ႔ အလြယ္တကူ ျဖတ္ေက်ာ္ႏိုင္တာျဖစ္တယ္ဆိုၿပီး ေျပာခဲ့တာပဲ ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ အသင္းရဲ႕ကစားကြက္ကို ၃-၄-၃ ပံုစံနဲ႔ကစားေလ့ရွိၿပီး ဘယ္လာရင္နဲ႔ ဆာကာတို႔ ကို ကြင္းလယ္ အစြန္ေနရာေတြမွာ ကစားေစၿပီး တိုက္စစ္နဲ႔ ခံစစ္ကို ကူညီႏိုင္ဖို႔ လုပ္ေဆာင္ေလ့ရွိေပမယ့္ ဘယ္လာရင္အ ေနနဲ႔ အာတီတာရဲ႕ နည္းစနစ္ေတြအတိုင္းမကစားႏိုင္တာေၾကာင့္ အားနည္းမႈေတြရွိခဲ့တာအတြက္ ဆိုးကမ္းဘဲ က အခုလို ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ဆိုးကမ္းဘဲက “ အာတီတာက အသင္းကိုအေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ေနခ်ိန္ မွာ ဘယ္လာရင္ရဲ႕ေနရာက အသင္းအတြက္ အဓိကအားနည္းခ်က္လို႔ဆိုရပါမယ္။ သူအေနနဲ႔ အေကာင္းဆံုးမကစားႏိုင္ တာကို ေတြ႕ရၿပီး အက္စတြန္ဗီလာနဲ႔ပြဲတုန္းကဆိုရင္ ဂရီလစ္ရွ္က သူကို အလြယ္တကူျဖတ္ေက်ာ္ႏိုင္ခဲ့တာကို ေတြ႕ရမွာ ပါ။”လို႔ ေျပာခဲ့ပါတယ္။

အာဆင္နယ္ဟာ ေဘာလံုးရာသီ အေစာပိုင္း ေက်ာ္ကာစ ရွိေသးေပမယ့္ ေျခစြမ္း တည္ျငိမ္မႈ မရွိေသးဘဲ လက္ရွိအခ်ိန္မွာ ရႈံးပြဲ ေလးပြဲအထိ ရွိေနတာေၾကာင့္ ေဝဖန္ခံမႈေတြ မ်ားစြာ ခံေနရပါတယ္။

Unicode

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးဖြစ်တဲ့ ဆိုးကမ်းဘဲကတော့ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာသုံးဂိုးပြတ်နဲ့ အရေး နိမ့်ပြီးနောက် အသင်းရဲ့ညာနောက်ခံလူဖြစ်တဲ့ ဘယ်လာရင်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

ဆိုးကမ်းဘဲ က ဘယ်လာ ရင်အနေနဲ့ နောက်ခံလူကောင်း တစ်ဦးမဟုတ်တာကြောင့် သူကို ပြိုင်ဘက် အသင်းကစားသမားတွေအနေနဲ့ အလွယ်တကူ ဖြတ်ကျော်နိုင်တာဖြစ်တယ်ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းရဲ့ကစားကွက်ကို ၃-၄-၃ ပုံစံနဲ့ကစားလေ့ရှိပြီး ဘယ်လာရင်နဲ့ ဆာကာတို့ ကို ကွင်းလယ် အစွန်နေရာတွေမှာ ကစားစေပြီး တိုက်စစ်နဲ့ ခံစစ်ကို ကူညီနိုင်ဖို့ လုပ်ဆောင်လေ့ရှိပေမယ့် ဘယ်လာရင်အ နေနဲ့ အာတီတာရဲ့ နည်းစနစ်တွေအတိုင်းမကစားနိုင်တာကြောင့် အားနည်းမှုတွေရှိခဲ့တာအတွက် ဆိုးကမ်းဘဲ က အခုလို ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုးကမ်းဘဲက “ အာတီတာက အသင်းကိုအကောင်းဆုံးဖြစ်အောင် တည်ဆောက်နေချိန် မှာ ဘယ်လာရင်ရဲ့နေရာက အသင်းအတွက် အဓိကအားနည်းချက်လို့ဆိုရပါမယ်။ သူအနေနဲ့ အကောင်းဆုံးမကစားနိုင် တာကို တွေ့ရပြီး အက်စတွန်ဗီလာနဲ့ပွဲတုန်းကဆိုရင် ဂရီလစ်ရှ်က သူကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့တာကို တွေ့ရမှာ ပါ။”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘောလုံးရာသီ အစောပိုင်း ကျော်ကာစ ရှိသေးပေမယ့် ခြေစွမ်း တည်ငြိမ်မှု မရှိသေးဘဲ လက်ရှိအချိန်မှာ ရှုံးပွဲ လေးပွဲအထိ ရှိနေတာကြောင့် ဝေဖန်ခံမှုတွေ များစွာ ခံနေရပါတယ်။