ဇန္န၀ါရီမွာ အာဆင္နယ္ ခံစစ္မွဴး ကိုလာဆီနက္ ကို ေခၚယူလိုေနတဲ့ အသင္း

ေလဗာကူဆင္အသင္းဟာ အာဆင္နယ္ေနာက္ခံလူ ကိုလာဆီနက္ကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီအာဆင္နယ္အသင္းမွာ ပံုမွန္ကစားခြင့္ ေပ်ာက္ဆံုးေနျပီး ပရီးမီးယားလိဂ္မွာ တစ္ပြဲပဲ ကစား ထားရျပီး ကာရာေဘာင္ဖလား နဲ႔ ယူရိုပါလိဂ္ျပိဳင္ပြဲေတြမွာပဲ ကစားခြင့္ရထားသူ ျဖစ္ပါတယ္။

ကိုလာဆီနက္ကို ေႏြရာသီအေျပာင္းအေရႊ႕တုန္းကလည္း အာဆင္နယ္အသင္းဆီကေန ေခၚယူရန္ ေလဗာကူဆင္အသင္းက ဆက္သြယ္မႈေတြ ရွိခဲ့ပါတယ္။ Sport Bild သတင္းဌာနရဲ႕ ေဖ္ာျပခ်က္အရ ေလဗာကူဆင္အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာပဲ ကိုလာစီနက္ကို ေခၚယူရန္ ျပန္လည္စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

ဘယ္ေနာက္ခံလူဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာျဖစ္ေပမယ့္ ႏွစ္သင္းစလံုး နဲ႔ ကစားသမားၾကား အေျပာင္းအေရႊ႕ ျဖစ္ေျမာက္ရန္ ေဆြးေႏြးသြားဖြယ္ရွိေနပါတယ္။

ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေလဗာကူဆင္အသင္းက ေပါင္ ၉ သန္း နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ဒီတစ္ၾကိမ္လည္း အလားတူကမ္းလွမ္းမႈမ်ိဳးကို ထပ္ျပီး ကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။

ကိုလာဆီနက္ဟာ အာဆင္နယ္အသင္းဆီကို ေရွာ္လ္ေကးအသင္းကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး စုစုေပါင္း (၁၁၁) ပြဲကစားေပးထားသူလည္း ျဖစ္ပါတယ္။

Unicode

လေဗာကူဆင်အသင်းဟာ အာဆင်နယ်နောက်ခံလူ ကိုလာဆီနက်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဒီရာသီအာဆင်နယ်အသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲ ကစား ထားရပြီး ကာရာဘောင်ဖလား နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာပဲ ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

ကိုလာဆီနက်ကို နွေရာသီအပြောင်းအရွှေ့တုန်းကလည်း အာဆင်နယ်အသင်းဆီကနေ ခေါ်ယူရန် လေဗာကူဆင်အသင်းက ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ Sport Bild သတင်းဌာနရဲ့ ဖေ်ာပြချက်အရ လေဗာကူဆင်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ကိုလာစီနက်ကို ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘယ်နောက်ခံလူဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် နှစ်သင်းစလုံး နဲ့ ကစားသမားကြား အပြောင်းအရွှေ့ ဖြစ်မြောက်ရန် ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

နွေရာသီအပြောင်းအရွှေ့တုန်းက လေဗာကူဆင်အသင်းက ပေါင် ၉ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီတစ်ကြိမ်လည်း အလားတူကမ်းလှမ်းမှုမျိုးကို ထပ်ပြီး ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ကိုလာဆီနက်ဟာ အာဆင်နယ်အသင်းဆီကို ရှော်လ်ကေးအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စုစုပေါင်း (၁၁၁) ပွဲကစားပေးထားသူလည်း ဖြစ်ပါတယ်။