ပံုမလာေတာ့တဲ့ တိုက္စစ္မွဴးကို ေပါင္း သန္း ၄၀ နဲ႕ ေရာင္းထုတ္ဖို႔ အာဆင္နယ္ ရည္ရြယ္

အာဆင္နယ္အသင္းဟာ အသင္းမွာ အဆင္မေျပေတာ့တဲ့ ျပင္သစ္သား တိုက္စစ္မွဴး လာကာဇက္တီကို ေနာက္ေႏြရာသီမွာ ေပါင္သန္း ၄၀ ေလာက္နဲ႔ ေရာင္းခ်ႏိုင္ဖို႔ ရည္ရြယ္ေနပါတယ္။ အသက္ ၂၉ ႏွစ္ အရြယ္ ကစားသမားရဲ႕ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၁၈ လ ေတာင္ မက်န္ေတာ့တဲ့ အျပင္ သူဟာ အာတီတာရဲ႕ ေရရွည္စီမံကိန္းမွာ ပါ၀င္ဖို႔လည္း မေသခ်ာဘူး ျဖစ္ေနပါတယ္။

တိုက္စစ္မွဴး လာကာဇက္တီဟာ ဒီရာသီ အာဆင္နယ္အသင္းအတြက္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၇) ပြဲမွာ (၃) ဂိုးသြင္းထားျပီး လိုင္ယြန္ကေန ေျပာင္းေရႊ႕လာကတည္းက အသင္းအတြက္ စုစုေပါင္း (၁၃၆) ပြဲကစားျပီးခ်ိန္မွာ (၅၁) ဂိုးသြင္းေပးထားပါတယ္။

ဒါေပမယ့္ လာကာဇက္တီဟာ အာဆင္နယ္အသင္းအတြက္ စက္တင္ဘာလအကုန္ကတည္းက ေနာက္ဆံုးကစားခဲ့တဲ့ (၄) ပြဲမွာ (၁) ဂိုးေတာင္ မရေသးဘူး ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕ေတြ တုန္းကလည္း အာဆင္နယ္အသင္းကေန ထြက္ခြာမယ္လို႔ သတင္းေတြ ထြက္ခဲ့တဲ့ လာကာဇက္ဟာ ေနာက္ရာသီမွာေတာ့ အသင္းကေန ေသခ်ာေပါက္ ေရာင္းခ်တာကို ခံရဖြယ္ ရွိတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ျပင္သစ္သားကို ေပါင္သန္း ၄၀ ေလာက္နဲ႔ ေရာင္းခ်ရန္ ေမွ်ာ္လင့္ထားျပီး သူ႔ကို ေရာင္းခ်လို႔ရလာတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ကစားသမားအသစ္ေတြကို ၀ယ္ယူဖြယ္ရွိေနပါတယ္။

Unicode

အာဆင်နယ်အသင်းဟာ အသင်းမှာ အဆင်မပြေတော့တဲ့ ပြင်သစ်သား တိုက်စစ်မှူး လာကာဇက်တီကို နောက်နွေရာသီမှာ ပေါင်သန်း ၄၀ လောက်နဲ့ ရောင်းချနိုင်ဖို့ ရည်ရွယ်နေပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမားရဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းက ၁၈ လ တောင် မကျန်တော့တဲ့ အပြင် သူဟာ အာတီတာရဲ့ ရေရှည်စီမံကိန်းမှာ ပါဝင်ဖို့လည်း မသေချာဘူး ဖြစ်နေပါတယ်။

တိုက်စစ်မှူး လာကာဇက်တီဟာ ဒီရာသီ အာဆင်နယ်အသင်းအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ (၃) ဂိုးသွင်းထားပြီး လိုင်ယွန်ကနေ ပြောင်းရွှေ့လာကတည်းက အသင်းအတွက် စုစုပေါင်း (၁၃၆) ပွဲကစားပြီးချိန်မှာ (၅၁) ဂိုးသွင်းပေးထားပါတယ်။

ဒါပေမယ့် လာကာဇက်တီဟာ အာဆင်နယ်အသင်းအတွက် စက်တင်ဘာလအကုန်ကတည်းက နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ (၁) ဂိုးတောင် မရသေးဘူး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေတုန်းကလည်း အာဆင်နယ်အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ လာကာဇက်ဟာ နောက်ရာသီမှာတော့ အသင်းကနေ သေချာပေါက် ရောင်းချတာကို ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပြင်သစ်သားကို ပေါင်သန်း ၄၀ လောက်နဲ့ ရောင်းချရန် မျှော်လင့်ထားပြီး သူ့ကို ရောင်းချလို့ရလာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားအသစ်တွေကို ဝယ်ယူဖွယ်ရှိနေပါတယ်။