ပံုမွန္ ပြဲကစားခြင့္ ေပးရင္ အသင္းေျပာင္းမယ္ ဆိုတဲ့ အာဆင္နယ္ ကြင္းလယ္ပစ္မွတ္ ကစားသမား

ဆဲလ္ဘတ္ အသင္း ကြင္းလယ္လူ ဆိုဘိုဆလိုင္းရဲ႕ေအးဂ်င့္ မတ္ရက္စ္က သူ႔ရဲ႕ကစားသမားဟာ ဆဲလ္ဘတ္ကေန ထြက္ခြာႏိုင္တယ္လို႔ အတည္ျပဳေျပာၾကားလိုက္ပါတယ္။ ဆိုဘိုဆလိုင္းကို အာဆင္နယ္ ၊ ရီးရဲလ္ နဲ႔ နာပိုလီအသင္းတို႔က စိတ္ဝင္စားေနေပမယ့္ ေအးဂ်င့္ကေတာ့ သူ႔ကစားသမားပုံမွန္ပြဲထြက္ခြင့္ရတဲ့အသင္းကိုသာ ေျပာင္းမယ္လို႔ ဆိုခဲ့ပါတယ္။

အသက္ ၂၀ အ႐ြယ္ကစားသမားဟာ ကလပ္အသင္းမွာေကာ ႏိုင္ငံအသင္းမွာပါ ေျခစြမ္းေကာင္းေတြ ျပသေနတေၾကာင့္ ဥေရာ ပကလပ္အသင္းႀကီးေတြက မ်က္စိက်လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕တစ္ေလွ်ာက္လုံး လိုင္ယြန္ကြင္းလယ္လူ ေအာ္၀ါကို ေခၚယူဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အာဆင္နယ္အသင္း ဟာ ေအာ္၀ါ ထက္ ေဈးသက္သာတဲ့ ဆိုဘိုဆလိုင္းကို ပစ္မွတ္ထားလာခဲ့တာျဖစ္ပါတယ္။

“သူက ပြဲတိုင္း အေကာင္းဆုံး ကစားေနပါတယ္။ သတင္းေတြကေတာ့ ထြက္ေနတုန္းပါပဲ။ ဒါေပမယ့္ သူပုံမွန္ပြဲထြက္ခြင့္ရတဲ့အသင္းကိုပဲ ေျပာင္းမွာပါ”လို႔ မက္တ္ရက္စ္က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းက ဆဲလ္ဘတ္စတားဟာ လိုက္ပ္ဇစ္အသင္းနဲ႔ သေဘာတူညီမႈရရွိၿပီဆိုတဲ့သတင္းေတြကို မက္တ္ရက္စ္က ျငင္းဆန္ခဲ့ပါတယ္။

သတင္းေတြအရ ဟန္ေဂရီသားကို ဆဲလ္ဘတ္ရဲ႕မိခင္ကလပ္ လိုက္ပ္ဇစ္အသင္းကလည္း ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။ အာဆင္နယ္ကေတာ့ ဆိုဘိုဆလိုင္းကိုေပါင္ ၂၂ သန္းေလာက္နဲ႔ ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

Unicode

ဆဲလ်ဘတ် အသင်း ကွင်းလယ်လူ ဆိုဘိုဆလိုင်းရဲ့အေးဂျင့် မတ်ရက်စ်က သူ့ရဲ့ကစားသမားဟာ ဆဲလ်ဘတ်ကနေ ထွက်ခွာနိုင်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ဆိုဘိုဆလိုင်းကို အာဆင်နယ် ၊ ရီးရဲလ် နဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားနေပေမယ့် အေးဂျင့်ကတော့ သူ့ကစားသမားပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းကိုသာ ပြောင်းမယ်လို့ ဆိုခဲ့ပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ကလပ်အသင်းမှာကော နိုင်ငံအသင်းမှာပါ ခြေစွမ်းကောင်းတွေ ပြသနေတကြောင့် ဥရော ပကလပ်အသင်းကြီးတွေက မျက်စိကျလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး လိုင်ယွန်ကွင်းလယ်လူ အော်ဝါကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်း ဟာ အော်ဝါ ထက် ဈေးသက်သာတဲ့ ဆိုဘိုဆလိုင်းကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

“သူက ပွဲတိုင်း အကောင်းဆုံး ကစားနေပါတယ်။ သတင်းတွေကတော့ ထွက်နေတုန်းပါပဲ။ ဒါပေမယ့် သူပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းကိုပဲ ပြောင်းမှာပါ”လို့ မက်တ်ရက်စ်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဆဲလ်ဘတ်စတားဟာ လိုက်ပ်ဇစ်အသင်းနဲ့ သဘောတူညီမှုရရှိပြီဆိုတဲ့သတင်းတွေကို မက်တ်ရက်စ်က ငြင်းဆန်ခဲ့ပါတယ်။

သတင်းတွေအရ ဟန်ဂေရီသားကို ဆဲလ်ဘတ်ရဲ့မိခင်ကလပ် လိုက်ပ်ဇစ်အသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ အာဆင်နယ်ကတော့ ဆိုဘိုဆလိုင်းကိုပေါင် ၂၂ သန်းလောက်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။