ဂိုးသြင္းစက္ ျဖစ္လာနိုင္တဲ့ တိုက္စစ္မွဴး အျဖစ္ အမႊန္းတင္ ခ်ီးက်ဴးခံရတဲ့ အန္ကတ္တီးရား

ပရီးမီးယားလိဂ္ ဂႏၴဝင္တိုက္စစ္မႉး မိုက္ကယ္အိုဝင္က အာဆင္နယ္ လူငယ္တိုက္စစ္မႉး အန္ကတ္တီးရား ရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၿပီး ဂိုးသြင္းစက္ ျဖစ္လာႏိုင္တယ္လို႔ ေထာက္ခံေျပာၾကားလိုက္ပါတယ္။ အန္ကတ္တီးရားဟာ အဂၤါေန႔ အယ္လ္ေဘးနီးယားအသင္းကို ၅ ဂိုးျပတ္ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ပင္နယ္တီလြဲခဲ့ေပမယ့္ ၂ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္သားဟာ အဂၤလန္ ယူ – ၂၁ အသင္းနဲ႔အတူ စံခ်ိန္သစ္ေတြတင္ထားၿပီး ဥေရာပရဲ႕ အထြန္းေတာက္ဆုံး ၾကယ္ပြင့္တစ္ဦး အျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။ လီဗာပူး တိုက္စစ္မႉးေဟာင္း အိုဝင္က အန္ကတ္တီးရား ရဲ႕ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၿပီး အနာဂတ္မွာ ဂိုးသြင္းစက္ျဖစ္လာႏိုင္တယ္လို႔ ေထာက္ခံခဲ့ပါတယ္။

“ အန္ကတ္တီးရား က တကယ္ေကာင္းတဲ့ ကစားသမားပါ။ သူဟာသြင္းဂိုးေတြအတြက္ အၿမဲအနံ႔ရေနသလိုပါပဲ။ ၿပီးေတာ့ သြင္းဂိုးေတြကို ဆာေလာင္တဲ့ လူစားမ်ိဳးပါ။ ပင္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္ သူ ၂ ဂိုး အထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ကိုယ့္ကိုကိုယ္လည္း ယုၾကည္မႈ အျပည့္ရွိတဲ့ ေကာင္ေလးပါ။ အနာဂတ္မွာ ေတာက္ပလာႏိုင္ပါတယ္” လို႔ အိုဝင္က ေထာက္ခံေျပာၾကားခဲ့ပါတယ္။

လီဗာပူး တိုက္စစ္မႉးေဟာင္း အိုဝင္က အာဆင္နယ္ အေနနဲ႔ အန္ကတ္တီးရား ကို တိုက္စစ္မႉးအျဖစ္ ထားက စားသင့္တယ္လို႔ ေထာက္ခံေျပာၾကားလိုက္ပါတယ္။

Unicode

ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူး မိုက်ကယ်အိုဝင်က အာဆင်နယ် လူငယ်တိုက်စစ်မှူး အန်ကတ်တီးရား ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး ဂိုးသွင်းစက် ဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အန်ကတ်တီးရားဟာ အင်္ဂါနေ့ အယ်လ်ဘေးနီးယားအသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့ပေမယ့် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်သားဟာ အင်္ဂလန် ယူ – ၂၁ အသင်းနဲ့အတူ စံချိန်သစ်တွေတင်ထားပြီး ဥရောပရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်တစ်ဦး အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ လီဗာပူး တိုက်စစ်မှူးဟောင်း အိုဝင်က အန်ကတ်တီးရား ရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး အနာဂတ်မှာ ဂိုးသွင်းစက်ဖြစ်လာနိုင်တယ်လို့ ထောက်ခံခဲ့ပါတယ်။

“ အန်ကတ်တီးရား က တကယ်ကောင်းတဲ့ ကစားသမားပါ။ သူဟာသွင်းဂိုးတွေအတွက် အမြဲအနံ့ရနေသလိုပါပဲ။ ပြီးတော့ သွင်းဂိုးတွေကို ဆာလောင်တဲ့ လူစားမျိုးပါ။ ပင်နယ်တီလွဲချော်ခဲ့ပေမယ့် သူ ၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုကြည်မှု အပြည့်ရှိတဲ့ ကောင်လေးပါ။ အနာဂတ်မှာ တောက်ပလာနိုင်ပါတယ်” လို့ အိုဝင်က ထောက်ခံပြောကြားခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူးဟောင်း အိုဝင်က အာဆင်နယ် အနေနဲ့ အန်ကတ်တီးရား ကို တိုက်စစ်မှူးအဖြစ် ထားက စားသင့်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။