ကြင္းလယ္မွာ အားထားရသူ နွစ္ဦး မပါနိုင္ဘဲ လိဒ္ကို ရင္ဆိုင္ရမယ့္ အာဆင္နယ္

အာဆင္နယ္ အသင္းဟာ အခုအပတ္ ကစားမယ့္ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ ကြင္းလယ္လူ ေသာမက္စ္ပါေတး မပါဘဲ ကစားရဖြယ္ရွိေနပါတယ္။ ပါေတးဟာ ႏိုင္ငံတကာ သီတင္းပတ္မတိုင္ခင္ ဗီလာအသင္းကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့ပါတယ္။

အဆိုပါဒဏ္ရာေၾကာင့္ ဂါနာသားဟာ ႏိုင္ငံတကာပြဲစဥ္ေတြကိုပါ လြဲေခ်ာ္ခဲ့ပါတယ္။ အာတီတာကေတာ့ လာမယ့္တနဂၤေႏြေန႔မွာကစားမယ့္ပြဲမွာ ပါဝင္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အျခားတစ္ဖက္မွာလည္း ကြင္းလယ္လူအယ္လ္နီနီတစ္ေယာက္ ကိုဗစ္ပိုးေတြ႕ရွိခဲ့တာေၾကာင့္ လိဒ္နဲ႔ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

တကယ္လို႔ ပါေတးေကာ အယ္လ္နီနီေကာ မပါဘူးဆိုရင္ ကြင္းလယ္မွာ ဆီဘယ္ေလာ့စ္ နဲ႔ ဇာခါတို႔ိကို အသုံးျပဳရဖြယ္ရွိေနပါတယ္။ အျခားတစ္ဖက္မွာလည္း ေနာက္ခံလူ မာရီဟာ ေလ့က်င့္ခန္း ျပန္ဆင္းခဲ့ၿပီျဖစ္သလို မာတယ္နယ္လီကလည္း မၾကာခင္မွာ အသင္းနဲ႔ ျပန္လည္ ပူးေပါင္းဖြယ္ ရွိေနပါတယ္။

Unicode

အာဆင်နယ် အသင်းဟာ အခုအပတ် ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်လူ သောမက်စ်ပါတေး မပါဘဲ ကစားရဖွယ်ရှိနေပါတယ်။ ပါတေးဟာ နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါဒဏ်ရာကြောင့် ဂါနာသားဟာ နိုင်ငံတကာပွဲစဉ်တွေကိုပါ လွဲချော်ခဲ့ပါတယ်။ အာတီတာကတော့ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့်ပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ကွင်းလယ်လူအယ်လ်နီနီတစ်ယောက် ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် လိဒ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

တကယ်လို့ ပါတေးကော အယ်လ်နီနီကော မပါဘူးဆိုရင် ကွင်းလယ်မှာ ဆီဘယ်လော့စ် နဲ့ ဇာခါတို့ိကို အသုံးပြုရဖွယ်ရှိနေပါတယ်။ အခြားတစ်ဖက်မှာလည်း နောက်ခံလူ မာရီဟာ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီဖြစ်သလို မာတယ်နယ်လီကလည်း မကြာခင်မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းဖွယ်ရှိနေပါတယ်။