ပါေတးနဲ႕ တြဲကစားဖို႔ ခ်ယ္ဆီး အသင္းသား တစ္ဦးကို ထပ္ခ်ိန္ေနတဲ့ အာတီတာ

အာဆင္နယ္ အသင္း နည္းျပ အာတီတာဟာ ေသာမက္စ္ပါေတးနဲ႔ တြဲဖက္ေပးဖို႔ ခ်ယ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ အာတီတာဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕တုန္းက တီကိုကြင္းလယ္လူ ေသာမက္စ္ပါေတးကို ေပါင္ ၄၅ သန္း ေပးေခ်ၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက လိုင္ယြန္ကြင္းလယ္လူ ေအာ္ဟြာကိုေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေသးတာျဖစ္ပါတယ္။ ထိုစဥ္တုန္းကလည္း ေဂ်ာ္ဂ်င္ဟိုဟာ အာဆင္နယ္ ရဲ႕ခ်ိတ္ဆက္ျခင္း ခံခဲ့ရေသးပါတယ္။

အက္သလက္တစ္ သတင္းဌာနကေတာ့ အာဆင္နယ္ဟာ ေႏြရာသီတုန္းက အာဟြာရဲ႕ အရန္ပစ္မွတ္အျဖစ္ ေဂ်ာ္ဂ်င္ဟိုကို ခ်ိတ္ဆက္ခဲ့ေသးတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ လက္ရွိေနာက္ဆုံးသတင္းေတြအရ အာတီတာဟာ ေဂ်ာ္ဂ်င္ဟိုရဲ႕ အမာခံ ပရိသတ္ျဖစ္ၿပီး အလိုရွိေနဆဲလို႔ သိရပါတယ္။

အာတီတာက ျပီးခဲ့တဲ့ေႏြမွာ ခ်ယ္ဆီးထံမွ တိုက္စစ္သမား ၀ီလီယံကိုလည္း ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူခဲ့ေသးျပီး ယခု ေနာက္ထပ္ ခ်ယ္ဆီးအသင္းသား တစ္ဦး ထပ္ေခၚဖို႔ ၾကံရြယ္လာတာ ျဖစ္ပါတယ္။

အီတလီသားကလည္း ၿပီးခဲ့တဲ့လတုန္းက သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး – “ကစားသမားတိုင္းက လြတ္လပ္စြာ ေဆြးေႏြးခြင့္ရွိေနပါတယ္။ ဆုံးျဖတ္ခ်က္ကေတာ့ ကြၽန္ေတာ္ ခ်မွတ္ရမွာပါ။ အခုေတာ့ ခ်ယ္ဆီး မွာ ကြၽန္ေတာ္ ေပ်ာ္ေနပါတယ္”လို႔ ေဂ်ာ္ဂ်င္ဟိုက ေျပာၾကားခဲ့ပါတယ္။

Unicode

အာဆင်နယ် အသင်း နည်းပြ အာတီတာဟာ သောမက်စ်ပါတေးနဲ့ တွဲဖက်ပေးဖို့ ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက တီကိုကွင်းလယ်လူ သောမက်စ်ပါတေးကို ပေါင် ၄၅ သန်း ပေးချေပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့တုန်းက လိုင်ယွန်ကွင်းလယ်လူ အော်ဟွာကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာဖြစ်ပါတယ်။ ထိုစဉ်တုန်းကလည်း ဂျော်ဂျင်ဟိုဟာ အာဆင်နယ် ရဲ့ချိတ်ဆက်ခြင်း ခံခဲ့ရသေးပါတယ်။

အက်သလက်တစ် သတင်းဌာနကတော့ အာဆင်နယ်ဟာ နွေရာသီတုန်းက အာဟွာရဲ့ အရန်ပစ်မှတ်အဖြစ် ဂျော်ဂျင်ဟိုကို ချိတ်ဆက်ခဲ့သေးတယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိနောက်ဆုံးသတင်းတွေအရ အာတီတာဟာ ဂျော်ဂျင်ဟိုရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး အလိုရှိနေဆဲလို့ သိရပါတယ်။

အာတီတာက ပြီးခဲ့တဲ့နွေမှာ ချယ်ဆီးထံမှ တိုက်စစ်သမား ဝီလီယံကိုလည်း ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူခဲ့သေးပြီး ယခု နောက်ထပ် ချယ်ဆီးအသင်းသား တစ်ဦး ထပ်ခေါ်ဖို့ ကြံရွယ်လာတာ ဖြစ်ပါတယ်။

အီတလီသားကလည်း ပြီးခဲ့တဲ့လတုန်းက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး – “ကစားသမားတိုင်းက လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိနေပါတယ်။ ဆုံးဖြတ်ချက်ကတော့ ကျွန်တော် ချမှတ်ရမှာပါ။ အခုတော့ ချယ်ဆီး မှာ ကျွန်တော် ပျော်နေပါတယ်”လို့ ဂျော်ဂျင်ဟိုက ပြောကြားခဲ့ပါတယ်။