ချစ်ရတဲ့သူငယ်ချင်းလေး အိချောပိုအတွက် မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မေပန်းချီ

သရုပ်ဆောင် မေပန်းချီကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ နှစ်တွေများစွာတိုင်ရှိခဲ့ပြီဖြစ်ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ ဖြတ်သန်းလာတာကြာမြင့်နေပြီနဲ့အမျှ

အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း ခင်မင်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့ မေပန်းချီက ဒီတစ်ခေါက်မှာလည်း ချစ်ရတဲ့သူငယ်ချင်းလေး အိချောပိုအတွက် မွေးနေ့ဆုတောင်းပေးလာတာကို တွေ့ရပါတယ်။ မနေ့က ဇန်နဝါရီလ (၃) ရက်နေ့က အိချောပိုရဲ့ မွေးနေ့လေးဖြစ်ပြီး

မေပန်းချီက သူငယ်ချင်း အိချောပိုကို “Happy birthday ပါ စူစူ🎉🎀🎊🎁🧸🎈 သဲလေးရေး… မွေးနေ့ကစပြီးစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ဘဝကိုပြီးပြည့်စုံစွာဖြတ်သန်းနိုင်ပါစေ🥰မွေးနေ့ မှာ ပျော်ရွှင်ပါစေ 💜💜💜” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

မေပန်းချီနဲ့ အိချောပိုကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြသလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။

Zawgyi version





Credit to original