လစဉ် (၃) ရက်နေ့ရောက်တိုင်း မရှိတော့တဲ့အမေ့ကို သတိရတမ်းတကြောင်း ခံစားချက်တွေဖွင့်ဟလာတဲ့ ဆုမြတ်နိုးဦး

ချစ်စရာကောင်းပြီး အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသမီးလေး ဆုမြတ်နိုးဦးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါ။ ဆုမြတ်နိုးဦးရဲ့ မိခင်ကြီးက ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် မေလ (၃) ရက်နေ့မှာ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး

ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားတာပဲ ဖြစ်ပြီး ဆုမြတ်နိုးဦးက သူမရဲ့အမေကို နေ့စဉ်နေ့တိုင်းသတိရနေပြီး တမ်းတနေကြောင်းကို အခုလိုပဲပြောလာပါတယ်။ “မေမေ ၃ရက်နေ့ရောက်ပြန်ပြီ 😔ပျော်နေပုံပြကြတယ်။ ပြောစကားတွေတိုင်းမှာ အမြဲပါတယ်။ သားအဖတွေထုတ်မပြပဲ ဟန်ဆောင်ကြတယ်။

သတိရနေပေမဲ့ထုတ်မပြောဖြစ်ကြဘူး။ ဒီနေ့ ဒီတရက်ထဲပဲသတိရတာမျိုးတော့ဘယ်ဟုတ်ပါ့မလဲမေမေရယ်… လူကမေ့ချင်ယောင်ဆောင်ထားလဲ နှလုံးသားကသတိပေးတယ်။ ထွက်သွားပြီလို့သတ်မှတ်မိခဲ့တဲ့ ဒီလိုမျိုး လစဉ်ရဲ့ ၃ရက်နေ့တိုင်းမှာတော့ပိုလွမ်းတယ် 😢😢😢” ဆိုပြီး ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။

ဆုမြတ်နိုးဦးကတော့ နေ့တိုင်းအမေ့ကိုသတိရပေမယ့် ဟန်ဆောင်နေရပြီး ပျော်ချင်ယောင်ဆောင်ရတာ ပင်ပန်းကြောင်း၊ အမေ့ကို နေ့တိုင်းသတိရနေခဲ့ကြောင်းကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version





Credit to original