မိခင်ကြီးရဲ့မွေးနေ့မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ရွှေမျိုး collection နဲ့ လှူဒါန်းဖို့အတွက် ပိုက်ဆံ(၁၀)သိန်းတို့ကို ကန်တော့ခဲ့တဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

ပရိသတ်ကြီးရေ မျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ မျိုးမင်းစိုးကတော့ သူ့ရဲ့မိခင်ကြီးကို သိတတ်လိမ္မာတဲ့သားတစ်ယောက်ဖြစ်ပြီး ဒီနေ့အထိလူပျိုကြီးဘဝနဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေခဲ့တဲ့အထိကို လိမ္မာလွန်းလှသူပါ။

မနေ့က ဇန်နဝါရီလ (၃)ရက်နေ့လေးကတော့ မျိုးမင်းစိုးရဲ့ မိခင်ကြီး မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ မျိုးမင်းစိုးကတော့ မိခင်ကြီးရဲ့ မွေးနေ့အတွက် “မေမေရဲ့(၆၄)နှစ်ပြည့်မွေးနေ့…..အမှတ်တရ (၃.၁.၂၀၂၂) မေမေအတွက်..ဦးဦးဖျားဖျား ကြာပိုက်ဆံအိတ်လေးရယ်၊ ကြာပုဝါလေးရယ်၊ရွှေမျိုးချည်ပုဝါလေးရယ်၊ ရွှေမျိုးလက်ယက္ကန်းချိတ်လေးရယ်၊

လိုအပ်တာလေးတွေ လှုဒါန်းဖို့ ငွေ (၁၀ )သိန်းရယ်၊ မွေးနေ့တိုင်းကန်တော့နေကျပေမဲ့ဒီနှစ်တော့ ရွှေမျိုးcollection ထုတ်ကုန်လေးတွေရယ် မေမေကြိုက်တဲ့ ကြာပုဝါ လေးနဲ့ပါ ကန်တော့ဖြစ်တာတော့ အမှတ်တရပါပဲ။ မေမေဟာ ကျွန်တော် အတွက် ကျေးဇူးရှင်အမေဖြစ်သလို အခုလို ရပ်တည်နိုင်အောင် စက်ချုပ်ပညာအမွေပေးခဲ့သူမို့ ကျွန်တော့်အတွက် မေမေဟာအင်မတန်အဖိုးတန်လှတဲ့ ဆုလာဘ်ပါပဲ။

မေမေက သားသမီးတွေအတွက် ဒီပညာနဲ့ပဲ ပြုစုပျိုးထောင်ပေးခဲ့သလိုဘဝမှာရပ်တည်နိုင်အောင် ဒီပညာအမွေပါပေးခဲ့သူမို့ အကြိမ်ကြိမ်ဦးချလျက်ပါ။မေမေ အသက်ရှည်ပါစေ။မေမေ ကျန်းမာပါစေ။မေမေကိုနစ်ပေါင်းအကြာကြီးအလုပ်ကျွေးပြုခွင့်ရပါရစေ။နှစ်ပေါင်းအကြာကြီး ကန်တော့ခွင်ရရပါစေ.လို့”ဆိုပြီး သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိခင်ကြီးကိုကန်တော့ခဲ့ကြောင်းနဲ့ မိခင်ကြီး အသက်ရှည်ကျန်းမာစေဖို့ဆုမွန်ကောင်းတွေ တောင်းထားခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version

ပရိသတ္ႀကီးေရ မ်ိဳးမင္းစိုးကေတာ့ ဒီဇိုင္နာတစ္ေယာက္အေနနဲ႕ ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ မ်ိဳးမင္းစိုးကေတာ့ သူ႕ရဲ႕မိခင္ႀကီးကို သိတတ္လိမၼာတဲ့သားတစ္ေယာက္ျဖစ္ၿပီး ဒီေန႕အထိလူပ်ိဳႀကီးဘဝနဲ႕ မိခင္ႀကီးကို ျပဳစုေစာင့္ေရွာက္ေနခဲ့တဲ့အထိကို လိမၼာလြန္းလွသူပါ။

မေန႕က ဇန္နဝါရီလ (၃)ရက္ေန႕ေလးကေတာ့ မ်ိဳးမင္းစိုးရဲ႕ မိခင္ႀကီး ေမြးေန႕ရက္ျမတ္က်ေရာက္တဲ့ ေန႕ရက္ေလးပဲျဖစ္ပါတယ္။ မ်ိဳးမင္းစိုးကေတာ့ မိခင္ႀကီးရဲ႕ ေမြးေန႕အတြက္ “ေမေမရဲ႕(၆၄)ႏွစ္ျပည့္ေမြးေန႕…..အမွတ္တရ (၃.၁.၂၀၂၂) ေမေမအတြက္..ဦးဦးဖ်ားဖ်ား ၾကာပိုက္ဆံအိတ္ေလးရယ္၊ ၾကာပုဝါေလးရယ္၊ေ႐ႊမ်ိဳးခ်ည္ပုဝါေလးရယ္၊ ေ႐ႊမ်ိဳးလက္ယကၠန္းခ်ိတ္ေလးရယ္၊

လိုအပ္တာေလးေတြ လႈဒါန္းဖို႔ ေငြ (၁၀ )သိန္းရယ္၊ ေမြးေန႕တိုင္းကန္ေတာ့ေနက်ေပမဲ့ဒီႏွစ္ေတာ့ ေ႐ႊမ်ိဳးcollection ထုတ္ကုန္ေလးေတြရယ္ ေမေမႀကိဳက္တဲ့ ၾကာပုဝါ ေလးနဲ႕ပါ ကန္ေတာ့ျဖစ္တာေတာ့ အမွတ္တရပါပဲ။ ေမေမဟာ ကြၽန္ေတာ္ အတြက္ ေက်းဇူးရွင္အေမျဖစ္သလို အခုလို ရပ္တည္နိုင္ေအာင္ စက္ခ်ဳပ္ပညာအေမြေပးခဲ့သူမို႔ ကြၽန္ေတာ့္အတြက္ ေမေမဟာအင္မတန္အဖိုးတန္လွတဲ့ ဆုလာဘ္ပါပဲ။

ေမေမက သားသမီးေတြအတြက္ ဒီပညာနဲ႕ပဲ ျပဳစုပ်ိဳးေထာင္ေပးခဲ့သလိုဘဝမွာရပ္တည္နိုင္ေအာင္ ဒီပညာအေမြပါေပးခဲ့သူမို႔ အႀကိမ္ႀကိမ္ဦးခ်လ်က္ပါ။ေမေမ အသက္ရွည္ပါေစ။ေမေမ က်န္းမာပါေစ။ေမေမကိုနစ္ေပါင္းအၾကာႀကီးအလုပ္ေကြၽးျပဳခြင့္ရပါရေစ။ႏွစ္ေပါင္းအၾကာႀကီး ကန္ေတာ့ခြင္ရရပါေစ.လို႔”ဆိုၿပီး သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မိခင္ႀကီးကိုကန္ေတာ့ခဲ့ေၾကာင္းနဲ႕ မိခင္ႀကီး အသက္ရွည္က်န္းမာေစဖို႔ဆုမြန္ေကာင္းေတြ ေတာင္းထားခဲ့တာပဲျဖစ္ပါတယ္။

Credit to original