ကပ်ဘေးနောက်မှာ အသေပျောက်များတတ်သည် . . . ငှက်တွန်သံ ဟောကိန်းများ
ကပ်ဘေးနောက်မှာ အသေပျောက်များတတ်သည် . . . ငှက်တွန်သံ ဟောကိန်းများ
ငှက်တွန်သံ ဟောကိန်းများ
ပုံမှန်ထက် မိုးမှောင်ကျတာ မြန်ပါတယ်။ ဆောင်းကာလမို့ နေ့တာတိုပါတယ်ဆိုပီးတော့ မပြောနဲ့ပေါ့။ သေချာကြည့်ကြည့်ပါ။
နေဝင်တာနဲ့ ဘာမှန်းမသိတဲ့ အအေးဓာတ်တွေ ရတတ်ပါတယ်။ ဂရုစိုက်ကြပါ။ ဓာတ်ကြီးလေးပါးဖောက်ပြန်မှုဆိုတာ စပါတော့မည်။ တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ဘူး။ ပုံမှန်ထက် လေဖြတ်သလိုဖြစ်ချင်နေမယ် ဘာမှစားချင်စိတ်မရှိ ခေါင်းမူးတယ် ခေါင်းကိုက်တယ် အတွေးရှုပ်နေတတ်တယ် နှလုံးတွေအောင့်တတ်တယ် ဝမ်းတွေမကောင်းဖြစ်တတ်တယ် အဲ့ဂလိုဖြစ်တိုင်း ဘေးနားမှာ ကူညီပေးနိုင်တဲ့သူ ပျော်အောင်လုပ်ပေးနိုင်သောသူများဖြင့် နေပါ မဟုတ်ရင် အသက်သေသည်အထိ ဖြစ်တတ်ပါသည်။ သေရင်တောင် ကိုရိုနာလည်းမဟုတ်ပါဘူး အမောဖောက်ပြီးသေသလိုလို ဟိုဟာလိုလို ဒီဟာလိုလို ဖြစ်တတ်ပါလိမ့်မည်။
ဒီရက်ပိုင်း နေရာအစုံ မီးလောင်နေတာ သတိထားမိပါလိမ့်မယ်။ တေဇောဆို အပြင်တေဇောရော ခန္ဓာကိုယ်ထဲက တေဇောပါ ကြောက်ပါ။ ကျန်တဲ့ဓာတ်တွေလည်း သတိထားပါ။ ရေချိုးဖို့လိုအပ်ရင် ရေနွေးအောင်လုပ်ပီး ချိုးပါ။ အအေးလုံးဝမခံပါနဲ့။ ပုံမှန်ညဘက်လမ်းလျှောက်တတ်တဲ့သူတွေ မနက်ဘက်လမ်းလျှောက်တတ်တဲ့သူတွေ သတိထားပေးပါ
ပထဝီမြေကြီးဆွဲအားကြောင့် မူးလဲတတ်ပါတယ် သွေးတွင်းသကြားဓာတ် ခန်းခြောက်တတ်ပါတယ်။ ညအိပ်တိုင်းလည်း ရေမွှန်းသလိုမျိုး ရေမွန်းတတ်တာတွေရှိတယ်။ ရေကတော့ များများသောက်ပေးဖို့လိုပါသည်။ သီးတတ်တယ်။ ဘာလုပ်လုပ် ဂရုစိုက်ပေါ့။
[ အခုဆောက်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ကြီးကြီးတစ်ခု သို့ တစ်ခုထက် ပိုသောလုပ်ငန်းခွင်အမြောက်အမြား ကြီးမားသော Accident သို့ လူသေမှုဖြစ်တတ်ပါတယ်။
ညဘက်ဆိုရင် ငြီးသံလိုလို လေတိုးသံလိုလို ပွစိပွစိ ပြောသံလိုလို ကြားတတ်ပါတယ်။ နားက လုံးဝ ဘာကြီးလဲဆိုပီး အာရုံမစိုက်မိပါစေနဲ့။
တွင်းအောင်းတိရစ္ဆာန်များ လှုပ်ရှား မငြိမ်ဖြစ်နေသည့်အတွက် ငလျင်ဆိုးဆိုးတစ်ခု ဖြစ်တတ်ပါသည်။ အသေပျောက်များတတ်ပါသည်။
Stay Home လည်းနေ အန္တရာယ်လည်းဂရုစိုက် အမြဲသတိကပ် တစ်ခုခုဆိုရင် အဆင်သင့်ပြေးဖို့လုပ်ထား။ သိမ်းစရာရှိတာ သိမ်းထားပြီးမှ ဘာမှမရလိုက်လို့ ရင်ကွဲပက်လက် ဖြစ်တတ်သည်။
ဘာသာရေးများများလုပ်ကြပါ တစ်ချိန်က လယ်တီဆရာတော်ကြီး ကြုံခဲ့ရတဲ့ ကပ်ဘေးနောက်မှာ သရဲတွေ ဘီလူးတွေ စားသုံးတာတွေ အဲ့ဖြစ်စဉ်မျိုး ဖြစ်တတ်ပါတယ်။ ဘုရားတရားများများလုပ်ပါ။ လယ်တီဆရာတော်ဘုရား၏ ပထရမ အင်းမြတ်အား အိမ်ရှေ့ တံခါးမှာ ချိတ်ဆွဲထားပါ။ မိမိတို့အခန်းတွေအား အနံ့ဆိုးများ မကပ်ပါစေနဲ့။ အကောင်များ လာသေနေပါက လက်အိတ်တွေ နဲ့ သေသေချာချာလွှတ်ပစ်ပါ။ ]
လင်းညို့တာရာ
(မှတ်ချက်။ ။ ကူးယူချင်ရင် သေသေချာချာ Crd ပေးပါလေ။ မပြောချင်သော်လည်း ပြောရ၏ အလွန်ပင်ပန်းပါသည်)
Zawgyi
လင်းညို့တာရာ