သာသနာ့ဘောင်ကိုဝင်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ပိုင်တံခွန် (ဖတ်ရန်ပုံကိုနှိပ်ပါ)

မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကတော့ နှစ်မကုန်ခင် ခရစ်စမတ်အချိန်ကာလကတည်းက ရဟန်းဘ၀ဖြင့် သာ့သနာဘောင်သို့၀င်ရောက်ကုသိုလ်ယူနေတာဟာဆိုရင် ယနေ့မှာတော့ ၉ ရက်မြောက်ရှိပြီလို့ သိရပါတယ်။ပိုင်တံခွန်ဟာ မြ၀တီမြို့ရှိ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင်တောင်တော်မြတ် တောရကျောင်းတွင် သစ်တံခါးဆရာတော်ကြီးနှင့်အတူ သီတင်းသုံးနေတာဖြစ်ပြီး သာ့သနာ့ဘောင်၀င်ရောက်နေတဲ့အကြောင်းကို‌တော့ ယနေ့မှထုတ်ဖော်ပြောပြခဲ့တာလည်းဖြစ်ပါတယ်။


နှစ်သစ်မှာ ရဟန်းဘ၀ဖြင့် ကုသိုလ်ယူနေတဲ့ ဘုန်းဘုန်း စန္ဒကုမာရရဲ့ပုံရိပ်တွေကိုဖူးမြော်နိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်။အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

ZAWGYI ဖြင့်ဖတ်ရန်



