ညီမလေးနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာအကြောင်းလေးကို ပြောပြလာတဲ့ မေပန်းချီ

ပြည်သူချစ်oရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်နော်.မေပန်းချီကတော့ မိခင် ကျန်းမာနေစဉ်ကာလမှာလည်း လိုလေးသေးမရှိရ‌ အောင်ပြုစုသူဖြစ်ပြီး နေမကောင်းနေစဉ်မှာလည်း ကလေးလေးတစ်ယောက်လို ဂရုတစိုက်ပြုစုပေးတဲ့သမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မိခင်အသက်ထွက်ခါနီးမှာလည်း မိခင်ကိုတရားအကြောင်းလေး ပြောပြပြီး မိဘကျေးဇူးကိုဆပ်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။ မိခင်ကြီးဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့ သူမတစ်ယောက်တည်း ရပ်တည်နေခဲ့ရင်း မနာလိုသူတွေဝမ်းသာမှာစိုးလို့လည်း တစ်ယောက်ထဲပျော်ချင်ယောင်ဆောင်နေရတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ရင်ဖွင့်ပြီး ရေးသားထားခဲ့ဖူးပါတယ်။ သူမကတော့မိခင်ကြီးဆုံးပါးပြီးနောက်ပိုင်းမှာလည်း ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပေးနေရင်း အမြဲသတိယနေတာ ဖြစ်ပါတယ်နော်။

မကြာခင်လပိုင်းတုန်းကလည်း သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ ၃ ထပ်တိုက်ကြီးကိုဆောက်လုပ်ပြီးခဲ့ပြီးနောက်မှာတော့ တစ်ဦးတည်းသော ညီမလေးဖြစ်သူကိုလည်း အရမ်းကိုချစ်ပြီး အလိုလိုက်ပေးတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မေပန်းချီက သီချင်းဆိုကောင်းတဲ့ ညီမလေးရဲ့အသံကိုလည်းဂုဏ်ယူစွာနဲ့ ဆိုပြခိုင်းလာတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာ ဖြစ်ပါတယ်နော်..မိဘအပေါ်မှာ အမြဲသိတတ်တဲ့ မေပန်းချီတို့ ညီအစ်မရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ပရိတ်သတ်ကြီးလည်း အရင်ကထက်ပိုပြီး ချစ်ပေးကြပါအုံးနော်…

Zawgyi version




Credit to original