သားသမီးတွေကို ဘုရားဟောနဲ့အညီ ပြုစုပျိုးထောင်နည်းလေးကို မျှဝေပေးလာတဲ့ စိုင်းလွှမ်း

သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်းက “သူများကို ချစ်ရင် ပျော်အောင်ထားပါ၊ ကိုယ့်ကိုကိုယ် ချစ်ရင် လွတ်မြောက်ရာ လမ်းရွေးပါ။ မျိုးစုံသော သောကတွေနဲ့ ဒီလောကကြီးထဲက လူတွေကြားမှာ လူတိုင်း အေးချမ်းသာယာစေဖို့ မိဘတွေဆိုတာ အရေးကြီးဆုံးပါ၊ မိဘဆိုတာ အမျိုးမျိုးရှိကြတယ်။

မိဘတိုင်းက ကျေးဇူးရှိကြတာ မှန်ပေမဲ့ သားသမီးတွေကို စောင့်ရှောက်တဲ့နေရာမှာ မြတ်သော မိဘဖြစ်ဖို့ မိတ်ဆွေကောင်းလိုလည်း ရင်းနှီးစေဖို့ကို.. မိဘတိုင်းက သားသမီးတွေကို အဓိကသင်ပေးဖို့ ၂ မျိုးနှင့် ကာကွယ်ပေးဖို့ နှစ်မျိုးကို အချုပ်အားဖြင့် မြတ်စွာဘုရားက ဆုံးမခဲ့တယ်။

နံပါတ်တစ်က “လုပ်စားဖို့ အတတ်ပညာနဲ့ လွတ်မြောက်ဖို့ ပညာ”ကို သင်ပေးကြရမှာ ဖြစ်ပြီး နံပါတ်နှစ်ကတော့ အပ္ပါယ်ဘေးနဲ့မျိုးပျက်မဲ့ဘေးကို မကျရောက်စေဖို့တော့ ကာကွယ်ပေးကြရမယ်။” ဆိုပြီး မှတ်သားဖွယ်ရာ အချက်နှစ်ချက်ကို ပြောလာခဲ့သလို

“ထပ်ပြီး အရွယ်ရလာကြတဲ့အခါ ရှာတတ်ဖို့၊ ရှောင်တတ်ဖို့၊ ထိန်းတတ်ဖို့၊ ပေးတတ်ဖို့၊ ယူတတ်ဖို့ ဆိုတဲ့ အချက်၅ချက်ကိုလည်း သိအောင်ပြောပြ ဆုံးမသင်ယူစေရမယ်လို့ မြတ်စွာဘုရားက ဆုံးမထားတာကို ရှာဖွေနာယူမှတ် သားထားဖူးပါတယ်။ အရှင်သာရိပုတ္တရာရဲ့ မိခင်လိုမဖြစ်စေဖို့ပါ” ဆိုပြီးတော့ သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ မိဘတိုင်းလိုက်နာ သိသင့်တာလေးကို ဘုရားဟောနဲ့အညီ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်နော်။

စိုင်းလွှမ်းဟာ သူကိုယ်တိုင်လည်း သမီးလေးကို ချမ်းမြေ့ပျော်ရွှင်အောင် ပြုစုပျိုးထောင် စောင့်ရှောက်ပေးနေသလို အခြားသော မိဘများလည်း ကိုယ့်ရဲ့သားသမီး ရင်သွေးလေးများကို နွေးထွေးစွာ လမ်းမှန်ပြကာ ပျိုးထောင်ပြုစုနိုင် ကြစေဖို့ သူ သိရှိလိုက်နာ ကျင့်သုံးနေတဲ့ နည်းလမ်းလေးကို မျှဝေပေးလာတာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။

Zawgyi version

သ႐ုပ္ေဆာင္ အဆိုေတာ္ စိုင္းလႊမ္းက “သူမ်ားကို ခ်စ္ရင္ ေပ်ာ္ေအာင္ထားပါ၊ ကိုယ့္ကိုကိုယ္ ခ်စ္ရင္ လြတ္ေျမာက္ရာ လမ္းေ႐ြးပါ။ မ်ိဳးစုံေသာ ေသာကေတြနဲ႕ ဒီေလာကႀကီးထဲက လူေတြၾကားမွာ လူတိုင္း ေအးခ်မ္းသာယာေစဖို႔ မိဘေတြဆိုတာ အေရးႀကီးဆုံးပါ၊ မိဘဆိုတာ အမ်ိဳးမ်ိဳးရွိၾကတယ္။

မိဘတိုင္းက ေက်းဇူးရွိၾကတာ မွန္ေပမဲ့ သားသမီးေတြကို ေစာင့္ေရွာက္တဲ့ေနရာမွာ ျမတ္ေသာ မိဘျဖစ္ဖို႔ မိတ္ေဆြေကာင္းလိုလည္း ရင္းႏွီးေစဖို႔ကို.. မိဘတိုင္းက သားသမီးေတြကို အဓိကသင္ေပးဖို႔ ၂ မ်ိဳးႏွင့္ ကာကြယ္ေပးဖို႔ ႏွစ္မ်ိဳးကို အခ်ဳပ္အားျဖင့္ ျမတ္စြာဘုရားက ဆုံးမခဲ့တယ္။

နံပါတ္တစ္က “လုပ္စားဖို႔ အတတ္ပညာနဲ႕ လြတ္ေျမာက္ဖို႔ ပညာ”ကို သင္ေပးၾကရမွာ ျဖစ္ၿပီး နံပါတ္ႏွစ္ကေတာ့ အပၸါယ္ေဘးနဲ႕မ်ိဳးပ်က္မဲ့ေဘးကို မက်ေရာက္ေစဖို႔ေတာ့ ကာကြယ္ေပးၾကရမယ္။” ဆိုၿပီး မွတ္သားဖြယ္ရာ အခ်က္ႏွစ္ခ်က္ကို ေျပာလာခဲ့သလို

“ထပ္ၿပီး အ႐ြယ္ရလာၾကတဲ့အခါ ရွာတတ္ဖို႔၊ ေရွာင္တတ္ဖို႔၊ ထိန္းတတ္ဖို႔၊ ေပးတတ္ဖို႔၊ ယူတတ္ဖို႔ ဆိုတဲ့ အခ်က္၅ခ်က္ကိုလည္း သိေအာင္ေျပာျပ ဆုံးမသင္ယူေစရမယ္လို႔ ျမတ္စြာဘုရားက ဆုံးမထားတာကို ရွာေဖြနာယူမွတ္ သားထားဖူးပါတယ္။ အရွင္သာရိပုတၱရာရဲ႕ မိခင္လိုမျဖစ္ေစဖို႔ပါ” ဆိုၿပီးေတာ့ သူ႕ရဲ႕ လူမႈကြန္ယက္ထက္မွာ မိဘတိုင္းလိုက္နာ သိသင့္တာေလးကို ဘုရားေဟာနဲ႕အညီ ေရးသားေဖာ္ျပထားတာပဲ ျဖစ္ပါတယ္ေနာ္။

စိုင္းလႊမ္းဟာ သူကိုယ္တိုင္လည္း သမီးေလးကို ခ်မ္းေျမ့ေပ်ာ္႐ႊင္ေအာင္ ျပဳစုပ်ိဳးေထာင္ ေစာင့္ေရွာက္ေပးေနသလို အျခားေသာ မိဘမ်ားလည္း ကိုယ့္ရဲ႕သားသမီး ရင္ေသြးေလးမ်ားကို ေႏြးေထြးစြာ လမ္းမွန္ျပကာ ပ်ိဳးေထာင္ျပဳစုနိုင္ ၾကေစဖို႔ သူ သိရွိလိုက္နာ က်င့္သုံးေနတဲ့ နည္းလမ္းေလးကို မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး။

Credit to original