ပကာသနတွေမမက်မောပဲ ဘာမှမပေးနိုင်တဲ့ချစ်သူအနားမှာပဲ တွယ်ကပ်နေတတ်တဲ့ နန်းသူဇာအကြောင်း ပြောလာတဲ့ ကျော်ထွဋ်ဆွေ

လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ကျော်ထွဋ်ဆွေနဲ့ မော်ဒယ်လ် နန်းသူဇာတို့ကတော့ ပရိသတ်တွေအားကျရလောက်တဲ့အထိ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့က အခုဆိုရင် ချစ်သူသက်တမ်းအတော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပြီး ပရိသတ်ကတောင် သဘောတူရတဲ့အထိ လိုက်ဖက်ညီကြတာပဲဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေက “တစ်ခါတစ်လေတော့လည်း သနားမိတာပေါ့။ အခြားသူတွေလို အလျှံအပါယ်တွေ သုံးနိုင်စွဲနိုင်တာမျိုး အားမကျပဲနဲ့၊ ဘာမှမပေးနိုင်တဲ့ ကို့ဘေးနားလေးမှာပဲ တွယ်ကပ်နေတာမျိုးလေးမို့။ ❤️” ဆိုပြီး ပကာသနတွေမမက်မောပဲ ဘာမှမပေးနိုင်တဲ့ချစ်သူအနားမှာပဲတွယ်ကပ်နေတဲ့ နန်းသူဇာအကြောင်းပြောလာခဲ့ပါတယ်။

ကျော်ထွဋ်ဆွေကတော့ သူ့အပေါ်အရမ်းချစ်ပြီး ဘာကိုမှမျှော်လင့်ချက်မထားတဲ့ ချစ်သူလေး နန်းသူဇာအကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းသူဇာလို ချစ်စရာကောင်းတဲ့ချစ်သူလေးတစ်ယောက် လိုချင်နေလောက်ပြီထင်ပါတယ်နော်။

Zawgyi version




Credit to original