ဝမ်းရေးအတွက် ငှက်လေးတွေရောင်းပြီး ဖြေရှင်းနေရတဲ့ အသက် (၆၆)နှစ်အရွယ် အဖိုးကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် လူရွှင်တော်မိုးစက်ကတော့ ဒီနေ့မှာလည်း စားဝတ်နေရေးအတွက် ငှက်လေးတွရောင်းပြီး ဖြေရှင်းနေရတဲ့ အဖိုးကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အဖိုးကတော့ အသက် (၆၆)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဗိုလ်တစ်ထောင်စေတီတော်မြတ်ကြီးနားမှာ ငှက်လေးတွေ လွှတ်ဖို့ရောင်းနေတာပါတဲ့။

အဖိုးရဲ့ နာမည်ကတော့ ဦးချစ်ကောင်း လို့သိရပြီး အဖိုးက ဒလကနေ ဗိုလ်တစ်ထောင်အထိလာရောက်ကာ ငှက်တွေရောင်းနေခဲ့ရတာပဲဖြစ်ပါတယ်။မိုးစက်ကတော့ အဖိုးဆီကနေ ငှက်တွေအကုန်လုံးကို ဝယ်ယူပြီး အလှူငွေ (၁)သိန်းလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။မိုးစက်ကတော့ အဖိုးနဲ့ အတူ ငှက်တွေအကုန်လုံးကို တူတူလွှတ်ပေးခဲ့ပါသေးတယ်တဲ့။

အဖိုးကတော့ အလှူငွေတွေရရှိပြီး စားဝတ်နေရေးလတ်တလောပြေလည်သွားတဲ့အတွက် ပျော်ရွှင်နေခဲ့ပြီး အဖိုးရဲ့ ဘဝမှာ ကိုယ်ရောင်းတဲ့ ငှက်လေးတွေဒီလောက်အများကြီး ကိုယ်တိုင်ပြန်လွှတ်ရမယ်လို့တစ်ခါမှ တွေးမထားဖူးပါဘူးကွယ် ဆိုပြီးတော့လည်း ဝမ်သာပီတိဖြစ်စွာနဲ့ ရင်ထဲကခံစားချက်တွေကို မျှဝေခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။

Zawgyi version

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ လူ႐ႊင္ေတာ္မိုးစက္ကေတာ့ ဒီေန႕မွာလည္း စားဝတ္ေနေရးအတြက္ ငွက္ေလးတြေရာင္းၿပီး ေျဖရွင္းေနရတဲ့ အဖိုးကို ကူညီေထာက္ပံ့ခဲ့ပါတယ္။ အဖိုးကေတာ့ အသက္ (၆၆)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး ဗိုလ္တစ္ေထာင္ေစတီေတာ္ျမတ္ႀကီးနားမွာ ငွက္ေလးေတြ လႊတ္ဖို႔ေရာင္းေနတာပါတဲ့။

အဖိုးရဲ႕ နာမည္ကေတာ့ ဦးခ်စ္ေကာင္း လို႔သိရၿပီး အဖိုးက ဒလကေန ဗိုလ္တစ္ေထာင္အထိလာေရာက္ကာ ငွက္ေတြေရာင္းေနခဲ့ရတာပဲျဖစ္ပါတယ္။မိုးစက္ကေတာ့ အဖိုးဆီကေန ငွက္ေတြအကုန္လုံးကို ဝယ္ယူၿပီး အလႉေငြ (၁)သိန္းလႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။မိုးစက္ကေတာ့ အဖိုးနဲ႕ အတူ ငွက္ေတြအကုန္လုံးကို တူတူလႊတ္ေပးခဲ့ပါေသးတယ္တဲ့။

အဖိုးကေတာ့ အလႉေငြေတြရရွိၿပီး စားဝတ္ေနေရးလတ္တေလာေျပလည္သြားတဲ့အတြက္ ေပ်ာ္႐ႊင္ေနခဲ့ၿပီး အဖိုးရဲ႕ ဘဝမွာ ကိုယ္ေရာင္းတဲ့ ငွက္ေလးေတြဒီေလာက္အမ်ားႀကီး ကိုယ္တိုင္ျပန္လႊတ္ရမယ္လို႔တစ္ခါမွ ေတြးမထားဖူးပါဘူးကြယ္ ဆိုၿပီးေတာ့လည္း ဝမ္သာပီတိျဖစ္စြာနဲ႕ ရင္ထဲကခံစားခ်က္ေတြကို မွ်ေဝခဲ့ပါတယ္တဲ့ ပရိသတ္ႀကီးေရ။

Credit to original