တစ်ဦးတည်းသောသမီးလေးပီပီ အချစ်ဆုံးဖေဖေ့အတွက် အချစ်တွေအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စိုးပြည့်သဇင်

သွားတက်ကလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ကလေးဘဝကတည်းကနေ အခုအရွယ်ထိ အနုပညာလောကထဲမှာ ကျင်လည်နေပြီး ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသလို မိသားစုရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့

စိုးပြည့်သဇင်က တစ်ဦးတည်းသောသမီးပီပီ ဖေဖေ၊ မေမေရဲ့ အသည်းကျော်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့ကတော့ စိုးပြည့်သဇင်ရဲ့ဖေဖေ ဦးစိုးနိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်က သူမဖေဖေရဲ့ မွေးနေ့မှာ

“Happy birthday သမီးချစ်တဲ့ဖေဖေ….အမြဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ……မှန်ကန်တာကိုဘဲမြတ်နိုးတဲ့ဖေဖေ..စိတ်နှလုံးကောင်းရှိတဲ့ဖေဖေ….ကျန်းမာချမ်းသာပြီး..ဖေဖေအရမ်းလိုချင်တဲ့အသိထူးဉာဏ်ထူး…တရားထူးများသိမြင်နိုင်ပါစေ….🥰🥰🥰😘😘😘🎁🎊” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

စိုးပြည့်သဇင်ကတော့ သူမအချစ်ဆုံးဖေဖေတစ်ယောက် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစေဖို့ တောင်းဆုပြုရင်း အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ စိုးပြည့်တို့မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေနော်။

Zawgyi version





Credit to original