ဒီကနေ့ကျရောက်တဲ့ ဇေရဲထက်ရဲ့မွေးနေ့အတွက် မြန်မာပြည်အနှံ့က တန်ခိုးကြီးဘုရားတွေမှာ ဆွမ်းကပ်ကုသိုလ်ပြုပေးခဲ့တဲ့ ဇေရဲထက်ရဲ့ချစ်သူ

သရုပ်ဆောင်မင်းသားဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေရဲ့ ဘုရင်လို့ဆိုရလောက်အောင် ဗီဒီယိုဇာတ်ကားရာကျော်ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဇေရဲထက်ဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ ပရိသတ်တွေနဲ့ ဝေးကွာသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ ဇေရဲထက်ကို အရင်အတိုင်းချစ်ပြီး အားပေးနေကြဆဲဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့ကတော့ ဇေရဲထက်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဇေရဲထက်ရဲ့ မွေးနေ့မှာ သူ့ရဲ့ချစ်သူလေးက မြန်မာပြည်အနှံ့က တန်ခိုးကြီးဘုရားတွေမှာ ဆွမ်းကပ်ကုသိုလ်ပြုပေးခဲ့ပြီး

“5.1.2022မှာရောက်ရှိသောချစ်ရသောသူရဲ့မွေးနေ့ကုသိုလ်အလှူလေးပါရှင့်🙏🙏🙏❤️🎊🎉😍🎂စိတ်ချမ်းသာကိုယ်ကျန်းမာရျ်ပျော်ရွင်စရာကောင်းသောဘဝလေးပိုင်ဆိုင်ပါစေမတောင့်မတမကြောင့်မကျသောဘဝလေးရရှိပါစေ❤️ I wish to be peaceful and successful” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ဇေရဲထက်ကတော့ သူ့အပေါ်ကို အရမ်းချစ်ပြီး အစစအရာရာ ဂရုစိုက်ပေးတဲ့ ချစ်သူကောင်းတစ်ယောက်ကို ရရှိထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်ဇေရဲထက်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

Zawgyi version



“5.1.2022မှာရောက်ရှိသောချစ်ရသောသူရဲ့မွေးနေ့ကုသိုလ်အလှူလေးပါရှင့်🙏🙏🙏❤️🎊🎉😍🎂စိတ်ချမ်းသာကိုယ်ကျန်းမာရ်ျပျော်ရွင်စရာကောင်းသောဘဝလေးပိုင်ဆိုင်ပါစေမတောင့်မတမကြောင့်မကျသောဘဝလေးရရှိပါစေ❤️ I wish to be peaceful and successful” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။


Credit to original