ချစ်ရတဲ့မိတ်ကပ်ဆရာ သူသူအောင်အတွက် ဆေးကြီးကြီးထိုးပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးခဲ့ရပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုရရှိနေဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ပါပဲ။ သင်ဇာဝင့်ကျော်က သူမရဲ့ အောင်မြင်မှုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သလို

ပရိသတ်တွေ၊ အနုပညာအသိုင်းက ညီအစ်ကိုမောင်နှမတွေနဲ့လည်း ဆက်ဆံရေးကိုလည်း ခိုင်မြဲအောင် တည်ဆောက်ထားနိုင်ကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမနဲ့အနီးကပ်အမြဲတမ်းရှိတဲ့ မိတ်ကပ်ဆရာ သူသူအောင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က “Happy birthday my lovely daughter 🎊🎂🎁🎈🎉 🥰 ယခုမွေးနေ့မှစ၍စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး မိဘကိုလဲကျေးဇူးသိတတ်လုပ်ကျွေးနိုင်တဲ့ သမီးလိမ္မာလေးဖြစ်ပါစေ 🙏🏼🥰 သူငယ်ထောင်တာလျှော့နော်😌 A little bit ပဲထောင် 🤏🏼 အေမႊေပါ့ 😂 ချစ်တယ် ❤️❤️❤️

ပုံလေးတွေကတော့ခေတ်ကောင်းတုန်းကရိုက်ထားတာပါ။ နားလည်ပေးကြပါနော် 🙏🏼🙏🏼🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ချစ်ရတဲ့မိတ်ကပ်ဆရာ သူသူအောင်နဲ့ အတူတူရိုက်ကူးခဲ့ဖူးတဲ့ ဆေးဓာတ်ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Zawgyi version



သင်ဇာဝင့်ကျော်က “Happy birthday my lovely daughter 🎊🎂🎁🎈🎉 🥰 ယခုမွေးနေ့မှစ၍စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး မိဘကိုလဲကျေးဇူးသိတတ်လုပ်ကျွေးနိုင်တဲ့ သမီးလိမ္မာလေးဖြစ်ပါစေ 🙏🏼🥰 သူငယ်ထောင်တာလျှော့နော်😌 A little bit ပဲထောင် 🤏🏼 အေမွှေပါ့ 😂 ချစ်တယ် ❤️❤️❤️


Credit to original