ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ “Snow Drop” Drama ထဲက သရုပ်ဆောင် Kim Mi Soo

လက်ရှိ KBS ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေပြီး မြန်မာပြည်က K Drama ချစ်သူတွေ စွဲလမ်းနှစ်ခြိုက်စွာကြည့်ရှုနေတဲ့ “Snow Drop” Drama ဇာတ်ကားကတော့ BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ ပွဲဦးထွက်ဇာတ်ကားအဖြစ် လူကြိုက်များနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “Snow Drop” Drama ကို ကြိုက်နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခုကို ပေါ်ထွက်လာခဲ့ပါတယ်။

“Snow Drop” Drama ထဲမှာ အဓိကမင်းသမီး Jisoo (Eun Young Ro) ရဲ့ အခန်းဖော်သူငယ်ချင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Kim Mi Soo (Yeo Jeong Min) ဟာ ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ကွယ်လွန်သွားတဲ့အကြောင်းအရင်းကို မသိရှိရသေးပေမယ့် သူမရဲ့အသုဘအခမ်းအနားကို Taeeungseong Heart Funeral Hall မှာ ပြင်ဆင်ထားပြီလို့လည်း သိရှိရပါသေးတယ်။

Kim Mi Soo ဟာ ‘Hi Bye, Mama!’၊ ‘Method: Again’ (2021), ‘The Light World’ (2019) တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိရေပန်းစားနေတဲ့ “Snow Drop” မှာလည်း လူကြိုက်များတဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ Kim Mi Soo ဟာ ကွယ်လွန်သွားချိန်မှာ အသက် (၃၁) နှစ်သာရှိပါသေးတယ်။

Zawgyi version




Credit to original