ဘဝထဲမှာ တစ်ဦးတည်းသောအချစ်ဆုံးဖြစ်တဲ့ မေမေ့အတွက် ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နေဒွေး

သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေဒွေးက လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပြီဖြစ်ပြီး

မိခင်ကိုလုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့ သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၆) ရက်နေ့ကတော့ နေဒွေးမေမေရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ နေဒွေးက သူ့ရဲ့မေမေမွေးနေ့မှာ “Happy Birthday ပါချစ်မေမေ❤️ မွေးနေ့ကစပြီး

အသက်တစ်ရာကျော်အောင် နေထိုင်နိုင်ပါစေ 😍 ဒီ့ထက်ပိုပြီးအလှုကြီးလုပ်နိုင်ပါစေ🙏🏼🙏🏼🙏🏼 မေမေ့ကိုသားအသက်ရှင်နေသမျှကာလပတ်လုံး စိတ်ချမ်းသာကိုယ်ကျန်းမာထားပြီးမေမေလိုချင်တာမှန်သမျှဝယ်ပေးနိုင်အောင်ကြိုးစားပါ့မယ်😘” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

နေဒွေးကတော့ ဘဝထဲမှာ တစ်ဦးတည်းသောအချစ်ဆုံးဖြစ်တဲ့ မေမေ့အတွက် လုပ်ပေးချင်တဲ့ဆန္ဒတွေများစွာနဲ့ အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ နေဒွေးတစ်ယောက်လည်း သူလုပ်ပေးချင်တဲ့ မေမေ့အတွက် ဆန္ဒလေးတွေ အမြန်ဆုံးပြည့်ဝပါစေနော်။

Zawgyi version





Credit to original