သူမချစ်ရတဲ့ချစ်သူလေးရဲ့မျက်နှာကို ထုတ်မပြခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းကိုပြောပြလာတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ သရုပ်ဆောင် မြတ်သူသူကတော့ ချစ်ရသူလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတကွ လျှေက်လှမ်းနေတာ ဖြစ်ပါတယ်။ သူမစိတ်တိုင်းကျ ဖြည့်ဆည်းပေးတဲ့ ချစ်သူကို ရရှိပိုင်ဆိုင်ထားတဲ့အတွက် မြတ်သူသူတစ်ယောက် အရမ်းကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က မြတ်သူသူရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ချစ်သူကောင်လေးရဲ့ မျက်နှာကို ထုတ်မပြသေးတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို ဖွင့်ဟပြောပြလိုက်တာ ဖြစ်ပါတယ်။ ” ကိုယ့်ဘာသာ နှစ်သစ်မှာ Profile လေးချိန်းမိပါတယ် 😔လိုသူတွေရော မလိုသူတွေရော ရှိနေတဲ့ ဒီ FB စာမျက်နှာပေါ်မှာ ကိုယ်တန်ဖိုးထား တဲ့သူကို ကိုယ့်ကြောင့်ရောပြီး အဆဲမခံရစေချင်လို့ တမင်မျက်နာမပြသေးတာပါတကယ့်အပြင်လက်တွေ့ဘဝမှာ မိဘဆရာသမား ဆွေမျိုးသားချင်း ပတ်ဝန်းကျင်တစ်ခုလုံးသိတဲ့ ဆက်ဆံရေးပါ

နာမည်ရချင်တာလား နာမည်ဖျက်ချင်တာလားမသေချာတဲ့ Page အတုတွေရဲ့ မိန်းကလေးတွေအားကျရတဲ့ရုပ်ရည်ချောမောဘာညာသာရကာအိုဗာတင်းပြောဆိုမှုတွေ ဘာမှမဆိုင် ဘာမှမပတ်သက်ပဲ ကိုယ့်အားကိုယ်ကိုးလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်ကို အတင်းတွေ စစ်တပ်ကလူဆိုပြီး ခေါင်းစဉ်တွေတပ်ရေးတာတွေအခုချိန် အရေးပါလို့လားဟင် ဘာလို့သွေးခွဲစကားတွေနဲ့ထိခိုက်စေချင်ကြရတာလဲ လူတိုင်းကိုလိုက်ရှင်းပြဖို့ကလည်းဖြစ်မှမဖြစ်နိုင်တာမြတ်သူတို့လည်း ပြည်သူထဲကပြည်သူ သာမာန်လူေ တွပဲလေနော်။

ဘာတစ်ခုမှအဆင်မပြေကြတဲ့ နှစ်ဟောင်းကို ကြိုးစားဖြတ်ကျော်ခဲ့ရပြီး နှစ်သစ်မှာတော့ ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေကိုမျှော်လင့်မိသလို ရှင်သန်ခွင့်ရနေတုန်း ဘေးမှာရှိတဲ့သူတွေကို ပိုတန်ဖိုးထားကြရမှာဆိုတဲ့အတွေးတွေနဲ့ Profile လေးချိန်းတာပါတကူးတကကြွားပြစရာမရှိသလို တကူးတကဖုံးကွယ်နေတာလည်း မဟုတ်ပါဘူး တကယ်လက်တွေ့ဘဝကပိုအရေးပါမှန်းသိလို့ အခုလိုပဲနေတာပါကိုယ်တွေလည်း ရှေ့ဆက်အားတင်းပြီးဖြတ်သန်းနေကြရတဲ့သူတွေချင်းပါပဲ အားလုံးအတူတူပါပဲ 😔” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။

Zawgyi version





Credit to original