သားဖြစ်သူ အလုပ်တွေအေးဆေးလုပ်နိုင်ဖို့အတွက် ဝေယျာဝစ္စတွေကို လိုလေသေးမရှိလိုက်လုပ်ပေးတဲ့ မိခင်အကြောင်းပြောလာတဲ့ နေဆန်း

အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နေဆန်းက လက်ရှိမှာလည်း ဗီဒီယိုလေးတွေနဲ့ အွန်လိုင်းကြော်ငြာအချို့ကိုရိုက်ကူးကာ

မိဘကိုရှာဖွေကျွေးမွေးနေတဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။ မပြည့်စုံတဲ့မိသားစုဘဝကလာပေမယ့် ကြိုးစားမှုကြောင့် အိမ်တွေ၊ ကားတွေကို ပိုင်ဆိုင်လာပြီဖြစ်တဲ့ နေဆန်းဟာ သူ့ရဲ့မိသားစုတွေကို လိုလေသေးမရှိဖြည့်ဆည်းပေးနေသလို မိသားစုတွေဆီကလည်း

ထောက်ပံ့မှုတွေကို ရရှိနေသူပါ။ ဒီကနေ့မှာလည်း နေဆန်းက သူ့ရဲ့ဝေယျာဝစ္စတွေကိုလိုက်လုပ်ပေးတဲ့ မေမေ့ရဲ့ဓာတ်ပုံလေးကိုရိုက်ပြီး “အလုပ်လုပ်ဖို့ အင်္ကျီတွေ အဲ့လိုသေသေချာချာလုပ်ပေးတယ်.. မေမေက 😘🙏🏻” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

နေဆန်းကတော့ သူကိုယ်တိုင်လည်း မိဘတွေအပေါ် သိတတ်သလို သူ့အပေါ် နားလည်မှုရှိပြီး လိုလေသေးမရှိဂရုစိုက်တဲ့ မိဘကောင်းတွေကို ပိုင်ဆိုင်ထားတာ အားကျစရာပါပဲနော်။

Zawgyi version

အြန္လိုင္းဆယ္လီတစ္ေယာက္ျဖစ္တဲ့ ေနဆန္းကေတာ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ဟာသဗီဒီယိုေလးေတြတင္ရင္း ပရိသတ္ေတြရဲ႕ အားေပးမႈကို လက္ခံရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။ ေနဆန္းက လက္ရွိမွာလည္း ဗီဒီယိုေလးေတြနဲ႕ အြန္လိုင္းေၾကာ္ျငာအခ်ိဳ႕ကိုရိုက္ကူးကာ

မိဘကိုရွာေဖြေကြၽးေမြးေနတဲ့ သားတစ္ေယာက္ပဲျဖစ္ပါတယ္။ မျပည့္စုံတဲ့မိသားစုဘဝကလာေပမယ့္ ႀကိဳးစားမႈေၾကာင့္ အိမ္ေတြ၊ ကားေတြကို ပိုင္ဆိုင္လာၿပီျဖစ္တဲ့ ေနဆန္းဟာ သူ႕ရဲ႕မိသားစုေတြကို လိုေလေသးမရွိျဖည့္ဆည္းေပးေနသလို မိသားစုေတြဆီကလည္း

ေထာက္ပံ့မႈေတြကို ရရွိေနသူပါ။ ဒီကေန႕မွာလည္း ေနဆန္းက သူ႕ရဲ႕ေဝယ်ာဝစၥေတြကိုလိုက္လုပ္ေပးတဲ့ ေမေမ့ရဲ႕ဓာတ္ပုံေလးကိုရိုက္ၿပီး “အလုပ္လုပ္ဖို႔ အကၤ်ီေတြ အဲ့လိုေသေသခ်ာခ်ာလုပ္ေပးတယ္.. ေမေမက 😘🙏🏻” ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ေနဆန္းကေတာ့ သူကိုယ္တိုင္လည္း မိဘေတြအေပၚ သိတတ္သလို သူ႕အေပၚ နားလည္မႈရွိၿပီး လိုေလေသးမရွိဂ႐ုစိုက္တဲ့ မိဘေကာင္းေတြကို ပိုင္ဆိုင္ထားတာ အားက်စရာပါပဲေနာ္။

Credit to original