တစ်နိုင်ငံလုံး အဆင်မပြေဖြစ်နေတာတောင် % တွေယူပြီး အမြတ်ကြီးစားနေတဲ့ဆိုင်တွေကို လုံးဝအားမပေးတော့ဘူးဆိုတဲ့ ခင်ရူပ

မော်ဒယ် ခင်ရူပကတော့ တစ်ခေတ်တစ်ခါက ပုရိသတို့နှလုံးသားကို အပိုင်စားရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ခင်ရူပက အခုဆိုရင် အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့မယ့် သူမခင်ပွန်းရဲ့စီးပွားရေးအလုပ်၊ သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်တွေအပြင် Online Live Sale ရောင်းချခြင်းတို့ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်ရှင်မတစ်ယောက်လည်းဖြစ်တဲ့ ခင်ရူပက ဒီကနေ့မှာတော့ % ယူပြီး အမြတ်ကြီးစားနေတြ့ ဆိုင်တွေအကြောင်းကို ပြောလာပါတယ်။ ခင်ရူပက “% နဲ့ဝယ်ရသော ဆိုင်များ နောက်ထပ်အားမပေးတော့ပါ😅

အပြင်မှာ 3.5 လောက်ဘဲပေါက်တော့တာတောင် 5 တောင်းတုန်း 😁 ကိုယ်လည်း ကိုယ်သာဒုက္ခအရောက်ခံပြီး ကားရေဆေး ၄၀၀၀ က အစ ရတနာရောင်းသည်အထိ No % နဲ့ ခုထိတောင့်ခံထားတာဘဲလေနော်။ ကိုယ်လို တူတူ တွေဘဲအားပေးတော့မယ် ❤️” ဆိုပြီး ပြောလာပါတယ်။

ခင်ရူပကတော့ တစ်နိုင်ငံလုံးအဆင်မပြေဖြစ်နေတာတောင် % တွေယူပြီး အမြတ်ကြီးစားနေတဲ့ဆိုင်တွေကို လုံးဝအားမပေးတော့ဘူးဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ရူပပြောတာကို ဘယ်လိုထင်မြင်သဘောရလဲဆိုတာ ပြောပြပေးခဲ့ကြပါဦးနော်။

Zawgyi version





Credit to original