အာဏာရှင်လက်ပါးစေတွေကြောင့် အလှူရှင်တွေလှူထားတဲ့ပိုက်ဆံနဲ့ ဆောက်လုပ်ထားတဲ့ဆေးရုံ ပျက်စီးသွားခဲ့ရတယ်ဆိုတဲ့ ဒေါက်တာ A Nyein

တစ်နိုင်ငံလုံးကပြည်သူတွေက တောင်ပေါ်မြေက မီးအိမ်ရှင်မလေးလို ခေါ်ဝေါ်သက်မှတ်ထားကြတဲ့ ဒေါက်တာ A Nyein ကတော့ မြန်မာနိုင်ငံရေးပြဿနာတွေကြားထဲမှာ ထင်ရှားလာသူတစ်ယောက်ပါပဲ။ ချင်းတောင်တန်းဒေသက တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ ဒေါက်တာ A Nyein ဟာ ဒီကနေ့မှာတော့ အလှူရှင်တွေလှူထားတဲ့ပိုက်ဆံနဲ့ ဆောက်လုပ်ထားတဲ့ ဆေးရုံကိုပျက်စီးသွားခဲ့ရတယ်ဆိုတဲ့အကြောင်းကို စိတ်မကောင်းစွာပြောလာပါတယ်။

“31/12/2021 ညမှာ စကစတွေအင်အားအလုံးအရင်းနဲ့ ဆင်းလာပြီး 4/1/2022 ညမှာ ခွဲစိတ်ခန်း သားဖွားခန်း တွဲရက်အဆောက်အဦး နဲ့ လူနာဆောင်တွေကို ဖျက်ဆီးသွားပါတယ်။ ကံကောင်းစွာနဲ့ ဆေးဝါးတွေနဲ့စက်ပစည်းတွေအားလုံးကို အချိန်မှီဘေးလွှတ်ရာကိုရွှေ့နိုင်ခဲ့ပေမယ့် ကျန်ခဲ့တဲ့အဆောက်အဦးတွေကိုဖျက်ဆီးသွားတာပါ။

ဒီဆေးရုံစဖွင့်တဲ့ 11,12 လပိုင်းအတွင်းမှာပြင်ပလူနာ ၁၀၀၀ နီးပါး Admission လူနာ(ဆေးရုံတင်လူနာ) အယောက် ၅၀ နီးပါးကို ဆေးဝါးကုသမူပေးနိုင်ခဲ့ပါတယ်။ အသက်လုရတဲ့ အရေးပေါ်ခွဲစိတ်မူ၁၀ ခုအပါ ခွဲစိတ်မူပေါင်း ၃၁ ခု လူနာ ၃၁ ယောက်ကိုခွဲစိတ်ကုသပေးခဲ့ပါတယ်။ ၁၂ လပိုင်းအတွင်းမှာ စကစ မြေမြုပ်မိုင်းထိတဲ့ ၂နှစ်၃လအရွယ်ကလေးငယ်ကိုလည်း အရေးပေါ်ခွဲစိတ်ပြီးအသက်ကယ်နိုင်ခဲ့ပါတယ်။ ”

“နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အပြင် အခုလို ပြည်သူတွေ ကိုယ့်ခွန် ကိုယ့်အားနဲ့တည်ဆောက်ထားတဲ့ ဆေးရုံ ဆေးခန်းတွေကို ဖျက်ဆီးတာဟာပြည်သူတွေကို-တ်နေတာနဲ့အတူတူပါပဲ။ တိုင်းရင်းသားစစ်ဘေးရှောင်တွေကိုကျန်းမာရေးစောင့်ရှောက်မူပေးနေတဲ့နေရာတွေကို ဖျက်ဆီးတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာလူ့အခွင့်အရေးအသိုင်းအဝိုင်းက မျက်ကွယ်ပြုမထားကြဖို့ မျှော်လင့်ပါတယ်။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဒေါက်တာ A Nyein ကတော့ အလှူရှင်တွေ ချွေးနည်းစာနဲ့ လှူဒါန်းခဲ့တဲ့ ဆေးရုံကိုဖျက်စီးသွားတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာလူ့အခွင့်အရေးအသိုင်းအဝိုင်းက မျက်ကွယ်ပြုမထားကြဖို့ မျှော်လင့်ပါတယ်ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version

တစ္နိုင္ငံလုံးကျပည္သူေတြက ေတာင္ေပၚေျမက မီးအိမ္ရွင္မေလးလို ေခၚေဝၚသက္မွတ္ထားၾကတဲ့ ေဒါက္တာ A Nyein ကေတာ့ ျမန္မာနိုင္ငံေရးျပႆနာေတြၾကားထဲမွာ ထင္ရွားလာသူတစ္ေယာက္ပါပဲ။ ခ်င္းေတာင္တန္းေဒသက ေတာ္လွန္ေရးရဲေဘာ္ေတြနဲ႕ ျပည္သူေတြရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ေပးေနတဲ့ ေဒါက္တာ A Nyein ဟာ ဒီကေန႕မွာေတာ့ အလႉရွင္ေတြလႉထားတဲ့ပိုက္ဆံနဲ႕ ေဆာက္လုပ္ထားတဲ့ ေဆး႐ုံကိုပ်က္စီးသြားခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို စိတ္မေကာင္းစြာေျပာလာပါတယ္။

“31/12/2021 ညမွာ စကစေတြအင္အားအလုံးအရင္းနဲ႕ ဆင္းလာၿပီး 4/1/2022 ညမွာ ခြဲစိတ္ခန္း သားဖြားခန္း တြဲရက္အေဆာက္အဦး နဲ႕ လူနာေဆာင္ေတြကို ဖ်က္ဆီးသြားပါတယ္။ ကံေကာင္းစြာနဲ႕ ေဆးဝါးေတြနဲ႕စက္ပစည္းေတြအားလုံးကို အခ်ိန္မွီေဘးလႊတ္ရာကိုေ႐ႊ႕နိုင္ခဲ့ေပမယ့္ က်န္ခဲ့တဲ့အေဆာက္အဦးေတြကိုဖ်က္ဆီးသြားတာပါ။

ဒီေဆး႐ုံစဖြင့္တဲ့ 11,12 လပိုင္းအတြင္းမွာျပင္ပလူနာ ၁၀၀၀ နီးပါး Admission လူနာ(ေဆး႐ုံတင္လူနာ) အေယာက္ ၅၀ နီးပါးကို ေဆးဝါးကုသမူေပးနိုင္ခဲ့ပါတယ္။ အသက္လုရတဲ့ အေရးေပၚခြဲစိတ္မူ၁၀ ခုအပါ ခြဲစိတ္မူေပါင္း ၃၁ ခု လူနာ ၃၁ ေယာက္ကိုခြဲစိတ္ကုသေပးခဲ့ပါတယ္။ ၁၂ လပိုင္းအတြင္းမွာ စကစ ေျမျမဳပ္မိုင္းထိတဲ့ ၂ႏွစ္၃လအ႐ြယ္ကေလးငယ္ကိုလည္း အေရးေပၚခြဲစိတ္ၿပီးအသက္ကယ္နိုင္ခဲ့ပါတယ္။ ”

“ေန႕စဥ္နဲ႕အမွ် လူ႕အခြင့္အေရးခ်ိဳးေဖာက္ခံေနရတဲ့အျပင္ အခုလို ျပည္သူေတြ ကိုယ့္ခြန္ ကိုယ့္အားနဲ႕တည္ေဆာက္ထားတဲ့ ေဆး႐ုံ ေဆးခန္းေတြကို ဖ်က္ဆီးတာဟာျပည္သူေတြကို-တ္ေနတာနဲ႕အတူတူပါပဲ။ တိုင္းရင္းသားစစ္ေဘးေရွာင္ေတြကိုက်န္းမာေရးေစာင့္ေရွာက္မူေပးေနတဲ့ေနရာေတြကို ဖ်က္ဆီးတဲ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြကို နိုင္ငံတကာလူ႕အခြင့္အေရးအသိုင္းအဝိုင္းက မ်က္ကြယ္ျပဳမထားၾကဖို႔ ေမွ်ာ္လင့္ပါတယ္။” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။

ေဒါက္တာ A Nyein ကေတာ့ အလႉရွင္ေတြ ေခြၽးနည္းစာနဲ႕ လႉဒါန္းခဲ့တဲ့ ေဆး႐ုံကိုဖ်က္စီးသြားတဲ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြကို နိုင္ငံတကာလူ႕အခြင့္အေရးအသိုင္းအဝိုင္းက မ်က္ကြယ္ျပဳမထားၾကဖို႔ ေမွ်ာ္လင့္ပါတယ္ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။

Credit to original