မြန်မာနိုင်ငံမှာ ချစ်သူ မေဦးကိုထားခဲ့ပြီး ပြည်ပနိုင်ငံကို ထွက်ခွာသွားခဲ့ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းမှန်တွေကို ပြောပြလာခဲ့တဲ့ ဟန်လင်း

ပရိသတ်ကြီးရေ မော်ဒယ် ဟန်လင်းကတော့ မြန်မာနိုင်ငံကို စွန့်ခွာပြီး အနောက်နိုင်ငံတစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ရက်မျိုးလုပ်သွားခဲ့တဲ့အတွက် ပရိသတ်တစ်ချို့မှ ဝေဖန်အပြစ်တင် နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဟန်လင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။ဒါကတော့ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားကနေ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ရတဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ချို့ကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ ” အခုချိန်ကျွန်တော်တို့နောက်ကိုပြန်လှဲ့ကြည့်ရင်ကျောပဲရှိတော့တယ်…

ပြည်ပနိုင်ငံကိုဘဝကြီးထင်ပြီး ထောင်ထဲကလူတွေကိုအားနာပါတို့ တောထဲကလူတွေကိုမသနားဘူးလားတို့ လာပြောကြတဲ့လူတစ်စုကိုပြောချင်တာက ကျွန်တော်တို့မှာလည်း ဘဝ ရှိပါတယ် … ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေလည်းမဟုတ်သလို သေနတ်ကိုင်ပြီး စစ်တိုက်နိုင်တဲ့အရည်အချင်းလည်းမရှိပါဘူး … စက်စုပ်ဖို့ကောင်းတဲ့ မတရားမှုကြီးကိုပြည်သူတစ်ယောက်အနေနဲ့ မခံနိုင်လို့ အမှန်တရား ဓမ္မဘက်က ကျွန်တော်တို့ဘဝတွေပျက်လို့ပျက်မှန်းမသိလောက်အောင် နေအိမ်တွေ ဖျက်စီးခံရ ရှာထားသ မျှငွေတွေ အသိမ်းခံရ နဲ့ နောက်ဆုံးတောထဲတောင်ထဲမှာလပေါင်းများစွာပုန်းခိုပြီး ဒုက္ခတွေများစွာနှာဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ပြီးပါပြီ …

ထိုအချိန်ကာလတွေမှာလည်း စိတ်ကိုတင်းပြီး ရောက်ရာဘဝ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးကြိုးစားနေထိုင်ကြရင်း နိုင်ငံ့အရေးအတွက် နိုင်တဲ့ဝန်ကိုအတတ်နိုင်ဆုံး ဆက်လက်ထမ်းဆောင်ခဲ့တာမို့ ကိုယ့်လိပ်ပြာကိုယ် အရမ်းကိုလုံပါတယ် … အဲ့အချိန်ကာလတွေမှာ လူတွေအလုပ်တွေလုပ်နေကြတာ မြင်ရင်ကိုယ်အားငယ်မိတာ အမှန်ပါ(အရှိန်အဟုန်နဲ့ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးအားကုန်ကြိုးစားနေတဲ့ကာလကို) သို့ပေမယ့် ကိုယ်ထပ် တစ်နေ့နေ့အလုပ်တွေကို ထမင်းစားချိန်မရှိလောက်အောင်လုပ်နေရတဲ့ ကိုယ့်ချစ်သူအား ငယ်ပြီး သူဝမ်းနည်းနေတာမြင်တော့ကိုယ့်အားငယ်စိတ်တွေကိုဖျောက်ရင်း သူ့ကိုနှစ်သိမ့်ရင်းဖြတ်သန်းခဲ့ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုယ်သာအသိဆုံးပါ …

အခုလို ပြည်ပနိုင်ငံ ကိုထွက်လာတယ်ဆိုတာအပျော်ခရီး ထွက်လာကြတာမဟုတ်ပါဘူး … ကျွန်တော်တို့နောက်မှာရှိနေသေးတယ် မိသားစု စားဝတ်နေရေးအတွက် သူများနိုင်ငံမှာ ဘာပိုင်ဆိုင်မှုမှ မရှိ ရှေ့ဆက်ဘဝ ဘာဆက်ဖြစ်မှာလည်းဆိုတာလည်းမရေရာ … အခက်အခဲပေါင်းများစွာနဲ့ ဘဝ ကိုသုည ကပြန်စဖို့ကြိုးစားနေရတဲ့ ကာလပါ … အခုလို အခက်အခဲတွေနဲ့ထွက်သွားရသည့်တိုင် ကျွန်တော်တို့နိုင်ငံအရေးအတွက်လည်း ဆက်ပြီး နိုင်သမျှဝန်ကိုထမ်းနေဦးမှာပါ … ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Zawgyi version

ပရိသတ္ႀကီးေရ ေမာ္ဒယ္ ဟန္လင္းကေတာ့ ျမန္မာနိုင္ငံကို စြန့္ခြာၿပီး အေနာက္နိုင္ငံတစ္ေနရာသို႔ ေရာက္ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။ ဒီလို လုပ္ရက္မ်ိဳးလုပ္သြားခဲ့တဲ့အတြက္ ပရိသတ္တစ္ခ်ိဳ႕မွ ေဝဖန္အျပစ္တင္ ေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္က ဟန္လင္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပို႔စ္တစ္ခု ေရးသားထားတာ ျဖစ္ပါတယ္။ဒါကေတာ့ နိုင္ငံေရးမတည္ၿငိမ္တဲ့ၾကားကေန ျပည္ပနိုင္ငံသို႔ ထြက္ခြာသြားခဲ့ရတဲ့ ေနာက္ကြယ္က ျဖစ္ရပ္မွန္တစ္ခ်ိဳ႕ကို ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။ ” အခုခ်ိန္ကြၽန္ေတာ္တို ့ေနာက္ကိုျပန္လွဲ႕ၾကည့္ရင္ေက်ာပဲရွိေတာ့တယ္…

ျပည္ပနိုင္ငံကိုဘဝႀကီးထင္ၿပီး ေထာင္ထဲကလူေတြကိုအားနာပါတို႔ ေတာထဲကလူေတြကိုမသနားဘူးလားတို႔ လာေျပာၾကတဲ့လူတစ္စုကိုေျပာခ်င္တာက ကြၽန္ေတာ္တို႔မွာလည္း ဘဝ ရွိပါတယ္ … ကြၽန္ေတာ္တို႔ဟာ နိုင္ငံေရးသမားေတြလည္းမဟုတ္သလို ေသနတ္ကိုင္ၿပီး စစ္တိုက္နိုင္တဲ့အရည္အခ်င္းလည္းမရွိပါဘူး … စက္စုပ္ဖို႔ေကာင္းတဲ့ မတရားမႈႀကီးကိုျပည္သူတစ္ေယာက္အေနနဲ႕ မခံနိုင္လို႔ အမွန္တရား ဓမၼဘက္က ကြၽန္ေတာ္တို႔ဘဝေတြပ်က္လို႔ပ်က္မွန္းမသိေလာက္ေအာင္ ေနအိမ္ေတြ ဖ်က္စီးခံရ ရွာထားသ မွ်ေငြေတြ အသိမ္းခံရ နဲ႕ ေနာက္ဆုံးေတာထဲေတာင္ထဲမွာလေပါင္းမ်ားစြာပုန္းခိုၿပီး ဒုကၡေတြမ်ားစြာႏွာဖူးေတြ႕ဒူးေတြ႕ ႀကဳံေတြ႕ခဲ့ၿပီးပါၿပီ …

ထိုအခ်ိန္ကာလေတြမွာလည္း စိတ္ကိုတင္းၿပီး ေရာက္ရာဘဝ က်ရာဇာတ္႐ုပ္မွာ အေကာင္းဆုံးႀကိဳးစားေနထိုင္ၾကရင္း နိုင္ငံ့အေရးအတြက္ နိုင္တဲ့ဝန္ကိုအတတ္နိုင္ဆုံး ဆက္လက္ထမ္းေဆာင္ခဲ့တာမို႔ ကိုယ့္လိပ္ျပာကိုယ္ အရမ္းကိုလုံပါတယ္ … အဲ့အခ်ိန္ကာလေတြမွာ လူေတြအလုပ္ေတြလုပ္ေနၾကတာ ျမင္ရင္ကိုယ္အားငယ္မိတာ အမွန္ပါ(အရွိန္အဟုန္နဲ႕ႀကိဳးစားမယ္လို႔ဆုံးျဖတ္ၿပီးအားကုန္ႀကိဳးစားေနတဲ့ကာလကို) သို႔ေပမယ့္ ကိုယ္ထပ္ တစ္ေန႕ေန႕အလုပ္ေတြကို ထမင္းစားခ်ိန္မရွိေလာက္ေအာင္လုပ္ေနရတဲ့ ကိုယ့္ခ်စ္သူအား ငယ္ၿပီး သူဝမ္းနည္းေနတာျမင္ေတာ့ကိုယ့္အားငယ္စိတ္ေတြကိုေဖ်ာက္ရင္း သူ႕ကိုႏွစ္သိမ့္ရင္းျဖတ္သန္းခဲ့ရတာ ဘယ္ေလာက္ခက္ခဲတယ္ဆိုတာကိုယ္သာအသိဆုံးပါ …

အခုလို ျပည္ပနိုင္ငံ ကိုထြက္လာတယ္ဆိုတာအေပ်ာ္ခရီး ထြက္လာၾကတာမဟုတ္ပါဘူး … ကြၽန္ေတာ္တို႔ေနာက္မွာရွိေနေသးတယ္ မိသားစု စားဝတ္ေနေရးအတြက္ သူမ်ားနိုင္ငံမွာ ဘာပိုင္ဆိုင္မႈမွ မရွိ ေရွ႕ဆက္ဘဝ ဘာဆက္ျဖစ္မွာလည္းဆိုတာလည္းမေရရာ … အခက္အခဲေပါင္းမ်ားစြာနဲ႕ ဘဝ ကိုသုည ကျပန္စဖို႔ႀကိဳးစားေနရတဲ့ ကာလပါ … အခုလို အခက္အခဲေတြနဲ႕ထြက္သြားရသည့္တိုင္ ကြၽန္ေတာ္တို႔နိုင္ငံအေရးအတြက္လည္း ဆက္ၿပီး နိုင္သမွ်ဝန္ကိုထမ္းေနဦးမွာပါ … ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

Credit to original