မတရားပြုကျင့်သူကိုခုခံရင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီးအတွက် ဘဝသစ်စတင်နိုင်ဖို့ အလှူငွေပေးခဲ့တဲ့ ဂစ်တာနိုင်ဇော်

ဂစ်တာနိုင်ဇော်ကတော့ ဂီတအနုပညာလောကမှာထင်ရှားခဲ့သူတစ်ယောက်ဖြစ်ပြီး စိတ်ရင်းကောင်းသူတစ်ယောက်အဖြစ် လူသိများသူတစ်ယောက်ဖြစ်ပါတယ်။ သူတစ်ပါးကိုကူညီတတ်တဲ့ နိုင်ဇော်ဟာ မနေ့က ဇန်နဝါရီလ (၆) ရက်နေ့မှာလည်း မတရားပြုကျင့်သူကိုခုခံရင်း လူသတ်မှုဖြစ်ခဲ့တဲ့ အမျိုးသမီးအတွက် ဘဝသစ်စတင်နိုင်ဖို့ အလှူငွေပေးခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာတာကိုတွေ့ရပါတယ်။

နိုင်ဇော်က “ဒီမနက် မလင်းလင်းခိုင်အတွက်ကူညီထောက်ပံကြတဲ့ရန်ပုံငွေထဲကကျနော်တို့kbzမှာသိမ်းပေးထားတဲ့ ကျန် ငွေ650000ကို ကျနော်လိုက်ထုတ်ပေးပြီး သူနဲ့သူ့အဖေလက်ထဲထည့် ဘဝအသစ်စပြီးမတည်လို့ရအောင်အစအဆုံးကူညီခဲ့ပါတယ်။

ကူညီသူအားလုံးသာဓုခေါ်နိုင်ကျပါပြီ” ဆိုပြီး မတရားပြုကျင့်သူကိုခုခံရင်း ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရပြီး လွတ်မြောက်လာတဲ့ အမျိုးသမီးကို အလှူငွေထောက်ပံ့ပေးခဲ့ကြောင်း ပြောလာတာပဲဖြစ်ပါတယ်။

ဂစ်တာနိုင်ဇော်ကတော့ မတရားပြုကျင့်သူကိုခုခံရင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီးကို ဘဝသစ်စတင်နိုင်ဖို့ အလှူငွေ (၆) သိန်းခွဲ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version





Credit to original