အင်းစိန်ထောင်တွင်းတရားရုံးမှ ခင်ပွန်းဖြစ်သူ လူမင်းအား စီရင်ချက်ချလိုက်တဲ့အကြောင်း စိတ်မကောင်းစွာနဲ့ အသိပေးလိုက်တဲ့ ခင်စံပယ်ဦး

ပရိသတ်ကြီးရေ လူမင်းဟာ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ် စဖြစ်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြပွဲတွေမှာ အတူပါဝင် အား ဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင်စစ်စိုးရမှ ဖေဖော်ဝါရီလအတွင်းမှာပဲ လူမင်းကို သူ့ရဲ့ နေအိမ်မှာဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မနက် တွင် သရုပ်ဆောင် လူမင်းကို စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံခဲ့ရတဲ့ သရုပ်ဆောင် လူမင်းဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသတင်းကို တော့ လူမင်းရဲ့ဇနီး ခင်စံပယ်ဦးမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။” 30-12-2021 ကိုလူမင်းကို ထောင် ဒဏ်3နှစ် အမိန့်ချလိုက်ပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီသတင်းကြားကြားချင်းမှာပဲ ပရိသတ်တွေနဲ့အနုပညာရှင်များအားလုံးက ကိုလူမင်းအတွက် စိတ်မကောင်း ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ခင်စံပယ်ဦးကလည်းခင်ပွန်းဖြစ်သူအတွက် အတော်လေးကို ဝမ်းနည်းခံစားနေတာ ဖြစ်ပါတယ်။ပရိသတ်တွေ ချစ်ခင် အားပေးကြတဲ့ သရုပ်ဆောင် လူမင်း အမြန်ဆုံး လွတ်မြောက်ဖို့ဆုတောင်းေ ပးသွားကြပါဦးနော်။

Zawgyi version




Credit to original