တစ်မိသားစုလုံးနဲ့ အဝေးကိုရောက်နေချိန် ဆွိဝတ်ရည်သောင်းပို့ပေးတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဝမ်းနည်းသွားခဲ့တဲ့ နှင်းဝတ်ရည်သောင်း

အနုပညာရှင်ညီအစ်မတွေဖြစ်ကြတဲ့ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ညီအစ်မကတော့ အနုပညာလောကမှာ ထင်ရှားပြီးသား ညီအစ်မတွေပဲဖြစ်ကြပါတယ်။ နှင်းဝတ်ရည်သောင်းဟာ နိုင်ငံရပ်ခြားမှာသွားရောက်အလုပ်လုပ်ကိုင်နေလျက်ရှိပြီး အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ကတော့ မြန်မာပြည်မှာပဲနေကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။

မိသားစုရှိရာ မြန်မာပြည်ကိုပြန်မလာဖြစ်တာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်တဲ့ နှင်းဝတ်ရည်သောင်းဟာ သူမရဲ့မိသားစုလေးကို နေ့စဉ်နေ့တိုင်းသတိရနေလျက်ရှိသူတစ်ယောက်ဖြစ်ပြီး ဒီကနေ့မှာလည်း ညီမငယ် ဆွိဝတ်ရည်သောင်းပို့ပေးတဲ့ဓာတ်ပုံတစ်ပုံကြောင့် ဝမ်းနည်းသွားခဲ့တာကိုတွေ့ရပါတယ်။

ဆွိဝတ်ရည်သောင်းက သူမတို့မိသားစုတွေ အပြင်ထွက်မုန့်စားနေတဲ့ဓာတ်ပုံတစ်ပုံကို နှင်းဝတ်ရည်သောင်းကိုပို့ပေးခဲ့တာဖြစ်ပြီး နှင်းဝတ်ရည်သောင်းက မိသားစုစုံညီစွာရှိခဲ့တဲ့အချိန်ကိုသတိရကာ ဝမ်းနည်းသွားခဲ့တာပဲဖြစ်ပါတယ်။

နှင်းဝတ်ရည်သောင်းကတော့ မိသားစုအားလုံးနဲ့ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းရှိနေချိန် မိသားစုနဲ့ အိမ်ကို လွမ်းနေတဲ့ သူမရဲ့ ခံစားချက်ကို ပရိသတ်ကြီးအားလုံး နားလည်ပေးကြမယ်လို့ ထင်ပါတယ်။

Zawgyi version



