အသက်အရွယ်အရ အချစ်ထက် ငွေကို ဦးစားပေးရှာဖွေဖို့ လိုအပ်နေပြီလို့ ပြောလာတဲ့ ဇာဇာထက်

ဆက်စီမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဇာဇာထက်ကတော့ ကိုယ့်ဒူးကိုယ်ချွန်ရင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ မိသားစုရဲ့ထောက်ပံ့မှုကိုမရသလို ခင်ပွန်းဖြစ်သူနဲ့လည်းကွာရှင်းထားတဲ့ ဇာဇာထက်က

သူမရဲ့လက်ရှိဘဝဟာ အချစ်ထက် ငွေကိုသာဦးစားပေးရှာဖွေရတော့မယ်ဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ ဇာဇာထက်က “အချိန်=အချစ်❤️ အခုချိန်မှာ ကျွန်မအရွယ်က အချစ်ကိုရှာဖို့ထက် ငွေကိုဦးစားပေးရှာဖို့အရွယ်ရောက်နေပါပြီ 🦾ဘာလို့လဲဆိုတော့

ကိုယ့်အသက်ကြီးလာရင် အေးအေးဆေးဆေးမပူမပင်နေရတဲ့ဘဝမျိုးပဲ နေချင်မိတယ်🦾 ကိုယ့်ကို အလုပ်ပျက်စေမဲ့ ဘယ်အကြောင်းအရာကိုမှ ခေါင်းအရှုပ်ခံအချိန် မဖြုန်းဖြစ်တော့ဘူးဆိုကတည်းက အဓိကနဲ့သာမညကို ကျွန်မ ကွဲကွဲပြားပြား သဘောပေါက်သွားလို့ပါပဲ🦾” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဇာဇာထက်ကတော့ အသက်သုံးဆယ်ကျော်လာပြီဖြစ်တဲ့ သူမရဲ့ အသက်အရွယ်အရ အချစ်ထက် ငွေကိုဦးစားပေးရှာဖွေဖို့လိုအပ်နေပြီဖြစ်ပြီး အဓိကနဲ့သာမညကို ကျွန်မ ကွဲကွဲပြားပြား သဘောပေါက်သွားခဲ့ပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။

Zawgyi version



