“မိန်းမမရှုပ်နဲ့နော်” လို့ မှာတဲ့ နန္ဒာလှိုင်ရဲ့စကားအပေါ် သူ့ရဲ့သဘောထားကို ရိုမန့်တစ်ဆန်စွာနဲ့ ပြန်လည်ပြောကြားလာတဲ့ ဇေသီဟ

သရုပ်ဆောင်မင်းသမီး အကယ်ဒမီ နန္ဒာလှိုင်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်တော့တာဖြစ်ပါတယ်။

အရင်လို ရုပ်ရှင်တွေမရိုက်ကူးဖြစ်တော့တဲ့ နန္ဒာလှိုင်ဟာ မိသားစုအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် အလုပ်တွေလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ပရိသတ်တွေအားကျဖွယ်ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ဟာ ဒီကနေ့မှာလည်း သူမခင်ပွန်းဇေသီဟရဲ့ စကားတစ်ခွန်းကြောင့် ပရိသတ်တွေက ပိုလို့တောင် အံ့သြအားကျခဲ့ရတာပဲဖြစ်ပါတယ်။

ဇေသီဟက “ပျင်းစရာကောင်းလို့ နဲနဲ Ro မယ်။ နန္ဒာက ပြောတယ်။ မိန်းမ မရှုတ်နဲ့နော်တဲ့။ ကျွန်တော် ပြုံးပြီး ရိုးရိုးလေး ပြန်ဖြေလိုက်တယ်။ နန္ဒာ … ဘုရားမှာ ဆုတောင်းစရာ မလိုပဲ ပြည့်တဲ့ ဆုက အဲ့ဒီဆုပဲ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာတာပဲဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ သူမရဲ့ “မိန်းမမရှုပ်နဲ့နော်” လို့မှာတဲ့စကားအပေါ် အရမ်းချစ်စရာကောင်းစွာနဲ့ တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံကို အားကျနေကြလောက်ပြီထင်ပါတယ်နော်။

Zawgyi version

သ႐ုပ္ေဆာင္မင္းသမီး အကယ္ဒမီ နႏၵာလွိုင္ကေတာ့ အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္ၿပီး စိတ္မေကာင္းစြာနဲ႕ပဲ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို လုံးဝရပ္နားလိုက္ေတာ့တာျဖစ္ပါတယ္။

အရင္လို ႐ုပ္ရွင္ေတြမရိုက္ကူးျဖစ္ေတာ့တဲ့ နႏၵာလွိုင္ဟာ မိသားစုအတြက္ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္အျဖစ္ အလုပ္ေတြလုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ အိမ္ေထာင္ေရးနဲ႕ ပတ္သက္ရင္ ပရိသတ္ေတြအားက်ဖြယ္ေကာင္းတဲ့ ဘဝကို ပိုင္ဆိုင္ထားတဲ့ နႏၵာလွိုင္ဟာ ဒီကေန႕မွာလည္း သူမခင္ပြန္းေဇသီဟရဲ႕ စကားတစ္ခြန္းေၾကာင့္ ပရိသတ္ေတြက ပိုလို႔ေတာင္ အံ့ၾသအားက်ခဲ့ရတာပဲျဖစ္ပါတယ္။

ေဇသီဟက “ပ်င္းစရာေကာင္းလို႔ နဲနဲ Ro မယ္။ နႏၵာက ေျပာတယ္။ မိန္းမ မရႈတ္နဲ႕ေနာ္တဲ့။ ကြၽန္ေတာ္ ၿပဳံးၿပီး ရိုးရိုးေလး ျပန္ေျဖလိုက္တယ္။ နႏၵာ … ဘုရားမွာ ဆုေတာင္းစရာ မလိုပဲ ျပည့္တဲ့ ဆုက အဲ့ဒီဆုပဲ။” ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေျပာလာတာပဲျဖစ္ပါတယ္။

နႏၵာလွိုင္ကေတာ့ သူမရဲ႕ “မိန္းမမရႈပ္နဲ႕ေနာ္” လို႔မွာတဲ့စကားအေပၚ အရမ္းခ်စ္စရာေကာင္းစြာနဲ႕ တုံ႕ျပန္ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းလြန္းတဲ့ နႏၵာလွိုင္တို႔ဇနီးေမာင္ႏွံကို အားက်ေနၾကေလာက္ၿပီထင္ပါတယ္ေနာ္။