ကယားပြည်နယ်က သတင်းတွေကြားတာတောင် အပျော်အပါးမပျက်တဲ့လူတွေကို စိတ်ဆိုးစွာနဲ့ပြောလာတဲ့ မူးလာ

အဆိုတော် မူးလာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများကျော်ကြားလာခဲ့ပြီး အောင်မြင်တဲ့ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ မူးလာက လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မူးလာက ကယားပြည်နယ်က သတင်းတွေကိုကြည့်ပြီး အသွားအလာ အစားအသောက်မပျက်တဲ့ လူတွေကို ဒဲ့ပြောလာတာကို အခုလိုပဲတွေ့ရပါတယ်။

မူးလာက “တိုင်းပြည်က ခွေးလက်ထဲမှာ အပြစ်မဲ့ပြည်သူတွေက ပြေးနေရတာ လူမဆန်တဲ့လုပ်ရပ်နဲ့ အပေါ်စီးကအုပ်မိုးရုံတင်မကလို့ လေယာဉ်နဲ့ပါထိုးစစ်ဆင်ပြီး ဖျက်ဆီးနေတာ အဲ့တာကို မင်းတို့က လီးလို ပျော်နေတာလား ကိုမေကိုလူးတွေရဲ့” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆဲဆိုလာတာကို တွေ့ရပါတယ်။

မူးလာကတော့ တိုင်းပြည်က ခွေးတွေလက်ထဲရောက်နေတာတောင် အပျော်မပျက်တဲ့လူတွေကို စေတနာဒေါသနဲ့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုချိန်ဖြစ်နေတဲ့ မူးလာရဲ့ခံစားချက်ကို နားလည်သဘောပေါက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။

Zawgyi version



