စစ်ဘေးရှောင်ပြည်သူတွေအတွက် မိတ်ဆွေတွေမှတစ်ဆင့် လှူဒါန်းခဲ့တဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ အသံပါဝါကောင်းကောင်း ကိုပိုင်ဆိုင်ထားပြီး အချစ်သီချင်းချိုချိုအေးအေးလေးတွေကို သီဆိုထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Melody World Myanmar သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ ချမ်းချမ်း ဟာ အခုဆိုရင်တော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ဝါရင့်အဆိုတော်တစ်ဦး အဖြစ်ရပ်တည်နေပါတယ်နော်။

ဒါပေမယ့် ချမ်းချမ်း ရဲ့ အိမ်ထောင်ရေးခရီးလမ်းကတော့ အဆင်ပြေချောမွေ့မနေခဲ့ပါဘူး။ သူမရဲ့ပထမအိမ်ထောင်နဲ့ လမ်းခွဲပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့တဲ့အပေါ် ပရိသတ်အချို့ကဝေဖန်နေကြပါတယ်။ ဒီကနေ့မှာတော့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ သူရဲကောင်းလေးတွေအတွက် မိတ်ဆွေတွေမှတစ်ဆင့်လှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်းကို ဖော်ပြတင်ဆက်ပေးချင်ပါတယ်။

အဆိုတော် ချမ်းချမ်း ရဲ့လူမှု့ကွန်ယက်မှာ ” အတိုင်းထက်အလွန်ကျေးဇူးတင်ပါတယ် ၇ရက်သားသမီးအလှူလေးပါ လိုအပ်နေတဲ့ စစ်ဘေးရှောင်နဲ့ သူရဲကောင်းလေးတွေအတွက် ဖြည်းဆည်းပေးခွင့်ရလို့ နှစ်သစ်မှာ အရာရာပြည့်စုံသွားတယ် အလှူခံတဲ့ပိုစ့်တွေမတင်တာ ကြာလို့ တော်လှန်ရေးအတွက်မကူညီနိုင်တော့ဘူးလားလို့ ထင်ချင်ထင်ကြမှာပါ အခုအချိန်ဟာ အဆင်ပြေရင် ပြေသလို ကူညီရတာမို့ အရင်က အလှူခံဖူးတဲ့ မိတ်ဆွေတချို့ကိုအပူကပ်ပြီးအလှူခံဖြစ်တာပါ

လိုအပ်တဲ့ပစ္စည်းတွေ စစ်ရှောင်စခန်းတဲ့ သူရဲကောင်းလေးတွေဆီရောက်တယ်ဆိုလို့အရမ်းကူညီရကျိုးနပ်ပါတယ် ပြည်ပကနေကူညီပေးတဲ့ မိတ်ဆွေတယောက်ချင်း ပြည်တွင်းကမိတ်ဆွေတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် ထပ်ပြီးလိုအပ်နေတာကတော့ဆေးဝါးတွေ စားသောက်ကုန်လေးတွေပါ စောင်တေလဲထပ်လိုပါသေးတယ် အဆင်ပြေရင် ကူပေးကြပါဦးရှင့်” လို့ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ… အဆိုတော် ချမ်းချမ်း ကတော့လက်ရှိမှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးခရီးလမ်းမှာ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လူတိုင်းအားကျရတဲ့ အိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်နေပါပြီနော်။ ဒါကြောင့် ချမ်းချမ်း ကိုချစ်တဲ့ပရိသတ်တွေက သူမကိုဆက်လက်အားပေးချစ်ခင်ပေးကြပါအုန်း။ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Zawgyi version




