ကယားပြည်နယ်အတွက် ဆုတောင်း‌ပေးလိုက်တဲ့ မအေးသောင်း

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းကထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်း ကိုတော့လူတိုင်းသိကြလိ့မ်မယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာမျိုးရိုးရှိသူတစ်ဦးဖြစ်ပြီး အနုပညာလောကမှာ မအေးသောင်း လို့ဆိုလိုက်ရင် မသိသူမရှိလောက်အောင် နာမည်ကြီးသူတစ်ယောက်ပါ။ မအေးသောင်း ကို ” ပေါက်စီ ” လို့ချစ်စနိုးခေါ်ကြပြီး အခုချိန်ထိအရွယ်တင်နုပျိုနေတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသမီးတစ်လက် ဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေအနေမှာလဲ အမှန်တရားဘက်က ရပ်တည်ခဲ့သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။ မအေးသောင်း ကတော့ သူမရဲ့ဒုတိယအိမ်လေးဖြစ်တဲ့ ကယားပြည်နယ်ကို ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့နေရာအနှံ့မှာ စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်နေရပြီး အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးနေရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ သူမချစ်တဲ့ ကယားပြည်နယ်ကို စိုးရိမ်နေတာလဲ ဖြစ်ပါတယ်။ ” ချစ်ရတဲ့ကယားပြည်လေး အေးချမ်းပါစေ ကိုယ့်ရဲ့ဒုတိယအိမ်လေး ” လို့ မအေးသောင်း ဟာ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်‌။ မင်းသမီး မအေးသောင်း ကတော့ ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တာကြောင့် ၅၀၅ က နဲ့တရားဆွဲခံထားရပြီး အိမ်လေးကိုစွန့်ခွာ၍ မိသားစုနဲ့ဝေးရာမှာ တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။

ဒါကြောင့် မအေးသောင်း ပိုစ့်အောက်မှာ ကယားပြည်နယ် အတွက်ဆုတောင်းပေးရင်း သူမကိုချစ်တဲ့ ပရိသတ်တွေကလဲ ဘေးကင်းကျန်းမာစေဖို့ ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မအေးသောင်း စိတ်ပူနေတဲ့ ကယားပြည်နယ်လေး ဘေးကင်းပါစေလို့ ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီး ကပ်ရောဂါဘေးနဲ့ စစ်ဘေးမှ ကင်းဝေးပြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Zawgyi version



