လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ အသည်းယားစရာ ပို့စ်တွေ မျိုးစုံပေးကာ အမြင်တစ်မျိုး ဆန်းသစ်စွာ မိမိုက်နေတဲ့ စံထိပ်ထားဦး

ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ မြက်သူတိုင်းကို အချစ်ပိုစေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ စံထိပ်ထားဦးလည်း အပါအဝင်ပါပဲ ။ ဆွဲဆောင်မှုရှိတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ကလေးလေးလို ဖြူစင်တဲ့ အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတာလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အသည်းလေးတွေကြွေဆင်းနေရတာပါ ။

စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေပြီဖြစ်ပါတယ်နော်။ ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူလေးဖြစ်တဲ့အပြင် ရိုးရိုးအေးအေးလေး‌နဲ့ နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်တစ်ယောက် အချစ်တွေပိုပြီးရင်းပိုနေရတာလည်းဖြစ်ပါတယ်။

အခုလည်း ပရိသတ်တွေကို အလွမ်းပြေ အနေနဲ့ ချစ်စရာပုံရိပ်တွေကို ဝေမျှလာပါတယ် ။ ပုံလေးတွေ တိုင်းမှာ အထာကျကျ ဟန်ပန်အမူအရာ လေးတွေ အပြည့်နဲ့ ထိပ်ထိပ်လေး တစ်ယောက် လန်းလွန်းနေတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ထိပ်ထားလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi version


