တော်လှန်ရေးနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်အသွေးအသားကအစ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်းပြောလာတဲ့ လူရွှင်တော် တိုင်းကျော်

နိုင်ငံကျော် ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေပြီး အာဏာရူးတွေဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပြည်သူတွေထဲက ပြည်သူပဲဖြစ်တဲ့ ဟားငါးကောင်အဖွဲ့က တောထဲတောင်ထဲမှာနေထိုင်ရင်း ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရောက်ရှိဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံရင်း ခန္ဓာကိုယ်အသွေးအသားတွေအပြင် နေပုံထိုင်ပုံလည်းပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်းကို ဟားငါးကောင်အဖွဲ့က လူရွှင်တော်တိုင်းကျော်က

“တော်လှန်ရေးမှာ ကြွားစရာဆိုလို့ အသားတွေမြင်မကောင်းအောင်မဲတာရယ်၊ လူတွေကြည့်မကောင်းအောင်ပိန်တာရယ်၊ သောက်ရမ်းပုံမကျတဲ့ဆံပင်တွေရယ်ဘဲရှိတယ်။ ကျန်သေးတယ်သူများအဝတ်အစားတွေဝတ်တက်နေပြီ။ တိုင်းကျော် ( ဟား၅ကောင် )” ဆိုပြီး ပြောလာခဲ့ပါတယ်။

ဟားငါးကောင်အဖွဲ့ကတော့ တော်လှန်ရေးအစကတည်းက ဒီနေ့ဒီအချိန်ထိ ပြည်သူ့ရဲဘော်တွေနဲ့အတူတူ စွန့်လွှတ်အနစ်နာခံရင်း အနေဆင်းရဲ၊ အစားဆင်းရဲဖြစ်နေကြတာပဲဖြစ်ပါတယ်။ ပြည်သူ့လူရွှင်တော်၊ ပြည်သူ့သူရဲကောင်းကြီးများ လိုချင်တဲ့ပန်းတိုင်ဆီ အမြန်ဆုံးရောက်ရှိပါစေနော်။

Zawgyi version

နိုင္ငံေက်ာ္ ဟားငါးေကာင္ လူ႐ႊင္ေတာ္အဖြဲ႕ကေတာ့ ျပည္သူေတြနဲ႕တစ္သားတည္းရပ္တည္ေနၿပီး အာဏာ႐ူးေတြဆန႔္က်င္ေတာ္လွန္ဖို႔ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ ျပည္သူေတြထဲက ျပည္သူပဲျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕က ေတာထဲေတာင္ထဲမွာေနထိုင္ရင္း ျပည္သူ႕အာဏာ ျပည္သူ႕လက္ထဲျပန္လည္ေရာက္ရွိဖို႔ ႀကိဳးစားေနၾကတာပဲျဖစ္ပါတယ္။

တိုင္းျပည္အတြက္ စြန႔္လႊတ္အနစ္နာခံရင္း ခႏၶာကိုယ္အေသြးအသားေတြအျပင္ ေနပုံထိုင္ပုံလည္းေျပာင္းလဲသြားခဲ့ၿပီျဖစ္ေၾကာင္းကို ဟားငါးေကာင္အဖြဲ႕က လူ႐ႊင္ေတာ္တိုင္းေက်ာ္က

“ေတာ္လွန္ေရးမွာ ႂကြားစရာဆိုလို႔ အသားေတြျမင္မေကာင္းေအာင္မဲတာရယ္၊ လူေတြၾကည့္မေကာင္းေအာင္ပိန္တာရယ္၊ ေသာက္ရမ္းပုံမက်တဲ့ဆံပင္ေတြရယ္ဘဲရွိတယ္။ က်န္ေသးတယ္သူမ်ားအဝတ္အစားေတြဝတ္တက္ေနၿပီ။ တိုင္းေက်ာ္ ( ဟား၅ေကာင္ )” ဆိုၿပီး ေျပာလာခဲ့ပါတယ္။

ဟားငါးေကာင္အဖြဲ႕ကေတာ့ ေတာ္လွန္ေရးအစကတည္းက ဒီေန႕ဒီအခ်ိန္ထိ ျပည္သူ႕ရဲေဘာ္ေတြနဲ႕အတူတူ စြန႔္လႊတ္အနစ္နာခံရင္း အေနဆင္းရဲ၊ အစားဆင္းရဲျဖစ္ေနၾကတာပဲျဖစ္ပါတယ္။ ျပည္သူ႕လူ႐ႊင္ေတာ္၊ ျပည္သူ႕သူရဲေကာင္းႀကီးမ်ား လိုခ်င္တဲ့ပန္းတိုင္ဆီ အျမန္ဆုံးေရာက္ရွိပါေစေနာ္။