စစ်ရှောင်လာတဲ့ပြည်သူများကို အနီးအနားမြို့ရွာတွေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးလို မြို့ကြီးတွေက ကူညီစေချင်တယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်

မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချမ်းမင်းရဲထွဋ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ နှင်းဆီခိုင်လို့ဆိုရလောက်အောင် သည်းသည်းလှုပ်အားပေးခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်အချစ်ခံအနုပညာရှင်တစ်ယောက်ဖြစ်သလို လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ချမ်းမင်းရဲထွဋ်ဟာ ဒီကနေ့မှာလည်း စစ်ရှောင်လာတဲ့ပြည်သူများကို လှိုက်လှဲစွာကူညီပေးစေချင်ကြောင်း အခုလိုပဲပြောလာပါတယ်။

“စစ်ရှောင်လာကြတဲ့ ပြည်သူများကို အနီးအနား မြို့၊ရွာ၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးများအပြင် ကျန်တဲ့ တတ်နိုင်တဲ့နေရာက ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကူညီပေးစေချင်ပါတယ်။ ဘယ်မြို့ ဘယ်ရွာကနေပဲ ဖြစ်ဖြစ် စစ်ရှောင်ကြတဲ့အခါ အခုအခါမဟုတ်သော်မှ အချိန်မရွေးဖြစ်နိုင်ပါတယ်။ တပြည်သားထဲ တစ်သားတည်း ဂရုဏာထား ကြည့်ရှုကြရမှာပါ။

ငှားနေကြဖို့ကို ၆လ စာချုပ် ချုပ်မှတို့၊ ၁နှစ်စာချုပ်ချုပ်မှ တို့၊ တစ်ခါတည်း ၆လစာ၊ ၁နှစ်စာ ပေးမှတို့ကတော့စစ်ပြေးရတဲ့ ပြည်သူတွေအတွက် အင်မတန် ခက်ခဲစေပါတယ်။ အိုးအိမ်ခွဲခွါလာကြရသူများအနေနဲ့ ပြင်ဆင်လာတဲ့ခရီး မဟုတ်တာကြောင့်ငွေကြေး အတိုင်းအတာတစ်ခုမှသည် ပိုလျှံလာတဲ့ ခရီး မဟုတ်ပါဘူး။ မြို့က ခွါဖို့အရေးတောင် အခက်အခဲပေါင်းစုံနဲ့ ထွက်ပြေး တိမ်းရှောင်လာရတာပါ။

ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရား ရှေ့ထားပြီး ကူညီပေးစေချင်ပါတယ်။ ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ချမ်းမင်းရဲထွဋ်ကတော့ စစ်ရှောင်လာတဲ့ပြည်သူများကို အနီးအနားမြို့ရွာတွေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးလိုမြို့ကြီးတွေက ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရား ရှေ့ထားပြီး ကူညီပေးစေချင်လိုကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi version

ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခ်မ္းမင္းရဲထြဋ္ကေတာ့ မိန္းကေလးပရိသတ္ေတြရဲ႕ ႏွင္းဆီခိုင္လို႔ဆိုရေလာက္ေအာင္ သည္းသည္းလႈပ္အားေပးခံရသူတစ္ေယာက္ပဲျဖစ္ပါတယ္။ ပရိသတ္အခ်စ္ခံအႏုပညာရွင္တစ္ေယာက္ျဖစ္သလို လက္ရွိေႏြဦးေတာ္လွန္ေရးမွာလည္း ျပည္သူေတြနဲ႕တစ္သားတည္းရပ္တည္ခဲ့တဲ့ ခ်မ္းမင္းရဲထြဋ္ဟာ ဒီကေန႕မွာလည္း စစ္ေရွာင္လာတဲ့ျပည္သူမ်ားကို လွိုက္လွဲစြာကူညီေပးေစခ်င္ေၾကာင္း အခုလိုပဲေျပာလာပါတယ္။

“စစ္ေရွာင္လာၾကတဲ့ ျပည္သူမ်ားကို အနီးအနား ၿမိဳ႕၊႐ြာ၊ ေတာင္ႀကီး၊ ရန္ကုန္၊ မႏၲေလး စတဲ့ၿမိဳ႕ႀကီးမ်ားအျပင္ က်န္တဲ့ တတ္နိုင္တဲ့ေနရာက ျပည္သူေတြက လွိုက္လွိုက္လွဲလွဲ ကူညီေပးေစခ်င္ပါတယ္။ ဘယ္ၿမိဳ႕ ဘယ္႐ြာကေနပဲ ျဖစ္ျဖစ္ စစ္ေရွာင္ၾကတဲ့အခါ အခုအခါမဟုတ္ေသာ္မွ အခ်ိန္မေ႐ြးျဖစ္နိုင္ပါတယ္။ တျပည္သားထဲ တစ္သားတည္း ဂ႐ုဏာထား ၾကည့္ရႈၾကရမွာပါ။

ငွားေနၾကဖို႔ကို ၆လ စာခ်ဳပ္ ခ်ဳပ္မွတို႔၊ ၁ႏွစ္စာခ်ဳပ္ခ်ဳပ္မွ တို႔၊ တစ္ခါတည္း ၆လစာ၊ ၁ႏွစ္စာ ေပးမွတို႔ကေတာ့စစ္ေျပးရတဲ့ ျပည္သူေတြအတြက္ အင္မတန္ ခက္ခဲေစပါတယ္။ အိုးအိမ္ခြဲခြါလာၾကရသူမ်ားအေနနဲ႕ ျပင္ဆင္လာတဲ့ခရီး မဟုတ္တာေၾကာင့္ေငြေၾကး အတိုင္းအတာတစ္ခုမွသည္ ပိုလွ်ံလာတဲ့ ခရီး မဟုတ္ပါဘူး။ ၿမိဳ႕က ခြါဖို႔အေရးေတာင္ အခက္အခဲေပါင္းစုံနဲ႕ ထြက္ေျပး တိမ္းေရွာင္လာရတာပါ။

ကိုယ္ခ်င္းစာတရားနဲ႕ ေမတၱာတရား ေရွ႕ထားၿပီး ကူညီေပးေစခ်င္ပါတယ္။ ” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။ ခ်မ္းမင္းရဲထြဋ္ကေတာ့ စစ္ေရွာင္လာတဲ့ျပည္သူမ်ားကို အနီးအနားၿမိဳ႕႐ြာေတြနဲ႕ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီးလိုၿမိဳ႕ႀကီးေတြက ကိုယ္ခ်င္းစာတရားနဲ႕ ေမတၱာတရား ေရွ႕ထားၿပီး ကူညီေပးေစခ်င္လိုေၾကာင္း ေျပာလာခဲ့တာပဲျဖစ္ပါတယ္။