အန်တီကြီးလို့ခေါ်တဲ့ မောင်လေး ညီဆက်ကျော်ကို ချစ်စရာကောင်းစွာ ပြန်လည်တုံ့ပြန်ခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းလွတ်လွတ်လပ်လပ်နေထိုင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ အခုလက်ရှိ အသက် (၃၄) နှစ်အရွယ်မှာ မိသားစုတွေနဲ့အတူတူနေထိုင်ရင်း သူမဝါသနာါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

မိသားစုတွေကို အရမ်းချစ်သလို မောင်နှမတွေနဲ့လည်း သူငယ်ချင်းလို ပေါင်းသင်းဆက်ဆံတဲ့ သင်ဇာဝင့်ကျော်ဟာ ဒီကနေ့မှာလည်း သူမရဲ့ မောင်လေး ညီဆက်ကျော်ကို စနောက်ခဲ့တာကိုတွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မောင်လေးက “ဘေးက အန်တီကြီးက ဓာတ်ပုံတွဲရိုက်ချင်တယ်ဆိုလို့ ရိုက်ပေးလိုက်ရသေးတယ်။ 😬🤣” လို့ပြောတဲ့စကားအပေါ် သင်ဇာဝင့်ကျော်က “အေးပါအဘိုးရယ် 😌”ဆိုပြီး ချစ်စရာကောင်းစွာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

သင်ဇာဝင့်ကျော်တို့ မောင်နှမတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံတာ အရမ်းအားကျစရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်တို့လို မောင်နှမမျိုးလိုချင်နေကြမယ်လို့ ထင်ပါတယ်။

Zawgyi version



