မေမေက သမီးထက် ပိုလှတယ်ဆိုတဲ့ စကားကို ငြင်းဖွယ်ရာမရှိ လက်ခံပါတယ်ဆိုတဲ့ စံထိပ်ထားဦး

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း အသက်ငါးဆယ်နီးပါးတိုင် လူငယ်လေးတစ်ယောက်လို နုပျိုနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး မိသားစုရေးမှာလည်း စိတ်ချမ်းသာမှုအပြည့်ရရှိထားတဲ့ ခိုင်သင်းကြည်က တစ်ဦးတည်းသောသမီးလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားတာ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း မေမေ့ရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားပြီး ကြော်ငြာတွေကို ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်ကလည်း အပျိုအရွယ်သမီးလေးတစ်ယောက်ရှိပေမယ့် သမီးဖြစ်သူနဲ့အပြိုင် နုပျိုလှပသူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ခိုင်သင်းကြည်က သူမရဲ့ နုပျိုသွယ်လျလွန်းတဲ့ဓာတ်ပုံကို ပရိသတ်တွေဆီမျှဝေလာခဲ့တာ ပရိသတ်တွေကသဘောကျခဲ့ကြသလို ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း “သူငယ်ချင်းတွေက မင်းအမေက မင်းထက်ပိုဟော့တယ်လို့ ပြောကြတယ်။ ဟုတ်ပါတယ် အဲ့ဒီအချက်ကို ငါလက်မခံပဲနေလို့မရပါဘူး။ အမေက အမိုက်ဆုံးပဲ” ဆိုပြီး ပြောခဲ့ပါတယ်။

ခိုင်သင်းကြည်ကလည်း သူမရဲ့အရွယ်အရ အံ့သြစရာကောင်းလောက်အောင် နုပျိုလှပသလို ထိပ်ထိပ်လေးကလည်း ဆယ်ကျော်သက်လေးတစ်ယောက်ပီပီ အရမ်းချစ်စရာကောင်းတယ်ဆိုတာကိုတော့ ငြင်းဖွယ်ရာမရှိပါဘူးနော်။

Zawgyi version

နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီ ခိုင္သင္းၾကည္ကေတာ့ စိတ္ပ်ိဳလို႔ ကိုယ္ႏုတယ္ဆိုတဲ့ စကားအတိုင္း အသက္ငါးဆယ္နီးပါးတိုင္ လူငယ္ေလးတစ္ေယာက္လို ႏုပ်ိဳေနဆဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရး မိသားစုေရးမွာလည္း စိတ္ခ်မ္းသာမႈအျပည့္ရရွိထားတဲ့ ခိုင္သင္းၾကည္က တစ္ဦးတည္းေသာသမီးေလးတစ္ေယာက္တည္းကိုသာ ေမြးဖြားထားတာ ျဖစ္ပါတယ္။

ခိုင္သင္းၾကည္ရဲ႕သမီးေလး စံထိပ္ထားဦးကလည္း ေမေမ့ရဲ႕ အႏုပညာအေမြေတြကို ဆက္ခံရရွိထားၿပီး ေၾကာ္ျငာေတြကို ဓာတ္ပုံေတြကိုလည္း ရိုက္ကူးေနတာပဲျဖစ္ပါတယ္။ ခိုင္သင္းၾကည္ကလည္း အပ်ိဳအ႐ြယ္သမီးေလးတစ္ေယာက္ရွိေပမယ့္ သမီးျဖစ္သူနဲ႕အၿပိဳင္ ႏုပ်ိဳလွပသူတစ္ေယာက္ျဖစ္ပါတယ္။

ဒီကေန႕မွာလည္း ခိုင္သင္းၾကည္က သူမရဲ႕ ႏုပ်ိဳသြယ္လ်လြန္းတဲ့ဓာတ္ပုံကို ပရိသတ္ေတြဆီမွ်ေဝလာခဲ့တာ ပရိသတ္ေတြကသေဘာက်ခဲ့ၾကသလို ခိုင္သင္းၾကည္ရဲ႕သမီးေလး စံထိပ္ထားဦးကလည္း “သူငယ္ခ်င္းေတြက မင္းအေမက မင္းထက္ပိုေဟာ့တယ္လို႔ ေျပာၾကတယ္။ ဟုတ္ပါတယ္ အဲ့ဒီအခ်က္ကို ငါလက္မခံပဲေနလို႔မရပါဘူး။ အေမက အမိုက္ဆုံးပဲ” ဆိုၿပီး ေျပာခဲ့ပါတယ္။

ခိုင္သင္းၾကည္ကလည္း သူမရဲ႕အ႐ြယ္အရ အံ့ၾသစရာေကာင္းေလာက္ေအာင္ ႏုပ်ိဳလွပသလို ထိပ္ထိပ္ေလးကလည္း ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ပီပီ အရမ္းခ်စ္စရာေကာင္းတယ္ဆိုတာကိုေတာ့ ျငင္းဖြယ္ရာမရွိပါဘူးေနာ္။