လက်စတာထက် ပိုစွာတဲ့ ယူနိုက်တက် တိုက်စစ်ကို အာဆင်နယ် ဘယ်လို ရင်ဆိုင်မလဲ ရိုက် စိတ်ပူနေ

October 26, 2020 T P 0

မနေ့က အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ပွဲစဉ်မှာ လက်စတာအသင်းက တိုက်စစ်မှူး ဗာဒီရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိ အပြီးမှာတော့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ အီယန်ရိုက်က လာမယ့် အပတ်မှာ ကစားရမယ့် ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်းအတွက် စိုးရိမ်ပူပန်မိကြောင်း ပြောကြား […]

အိုဇေးလ်နဲ့ ပတ်သတ်တဲ့ အာတီတာ ဆုံးဖြတ်ချက်ကို ဘရန်ဒန်ရော်ဂျာ ထောက်ခံ

October 25, 2020 T P 0

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်ကတော့ ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို နည်းပြ အာတီတာက ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် လူစာရင်းကနေ ချန်လှပ်ထားခဲ့တာနဲ့ပတ်သက်လို့ ထောက်ခံလိုက်ပါတယ်။ ဂျာမန်သားဟာ ဒီနှစ်ရာသီအတွက် အာဆင်နယ်အသင်းရဲ့ ၂၅ ဦးပါ ပရီးမီးယားလိဂ်လူစာရင်းထဲမှာ ပါဝင်ခွင့်မရခဲ့သူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လအတွင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲဟာ ဂန်းနားကစားသမားဘဝ […]

ကိုယ်တိုင်ရေးစာအုပ်မှာ မော်ရင်ဟို အကြောင်း ဘာလို့ မရေးလဲ အာဆင်ဝင်းဂါး ရှင်းပြီ

October 24, 2020 T P 0

အာဆင်နယ်ရဲ့ သက်တော်ရှည် နည်းပြကြီး ဖြစ်ခဲ့တဲ့ အာဆင် ဝင်းဂါးက ၎င်းရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိစာအုပ်ထဲမှာ မော်ရင်ဟိုကို ထည့်သွင်းဖော်ပြဖို့ ငြင်းပယ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်းကို နောက်ဆုံးမှာတော့ ရှင်းပြခဲ့ပြီလို့ Metro သတင်းဌာန က ဖော်ပြခဲ့ပါတယ်။ မော်ရင်ညိုက အာဆင်ဝင်းဂါး တစ်ယောက် သူ့အကြောင်း စာအုပ်ထဲ မဖော်ပြခဲ့တာနဲ့ ပတ်သတ်ပြီး […]

သောမတ်စ်ပါတေး လှုပ်ရှားမှုတွေက ဗီအဲရာ အတိုင်းပဲလို့ ချီးကျူးခန်းဖွင့်ခဲ့တဲ့ ကီယွန်

October 24, 2020 T P 0

အာဆင်နယ် ကစားသမားဟောင်း မာတင်ကီယွန်က ကြာသပတေးနေ့က ရက်ပစ်ဗီယာနာအသင်းနဲ့ပွဲမှာ အာဆင်နယ်အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် သောမတ်စ်ပါတေးကို ချီးကျူးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းက နောက်ခံနေလိုက်ပြီးကစားခဲ့ရပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူထားပြီး ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ သောမတ်စ်ပါတေးက ခြေစွမ်းပြကစားခဲ့လို့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဂါနာ လက်ရွေးစင်ကစားသမားကို မာတင်ကီယွန်က နှစ်သက်ခဲ့ပြီး BT Sport သတင်းဌာနက […]

အငှား ထွက်လာပေမယ့် အာဆင်နယ်ကို ပြန်မသွားချင်ဘူး လို့ တော်ရဲရား ထုတ်ပြော

October 23, 2020 T P 0

အာဆင်နယ် အသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတဲ့ တော်ရဲရားက သူနဲ့ သူ့မိသားစုဟာ အာဆင်နယ် အသင်းမှာတုန်းက ရုန်းကန်ခဲ့ရပြီး ပြန်မသွားလိုဘူး လို့ ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်အသင်းဆီကို ရောက်ရှိလာတဲ့ ဥရုဂွေးကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ နည်းပြအူနိုင်းအမ်မရီရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ခဲ့ပြီး […]

ပါတေး ဂါဘရီရယ်တို့ အတွက် ငွေသုံးရကျိုးနပ်လို့ ကျေနပ်နေကြောင်း အာတီတာ ဆို

October 23, 2020 T P 0

အာဆင်နယ်အသင်းနည်းပြ အာတီတာက နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီနောက်ခံလူ ဂါဘရီရယ်ကို ပေါင် ၂၅သန်း၊ အက်သလက်တီကို ကွင်းလယ်လူ ပါတေးကို ပေါင် ၄၅သန်း အကုန်အကျခံပြီး ခေါ်ယူခဲ့ပါတယ်။ နှစ်ယောက်ပေါင်း ပေါင် သန်း ၇၀ သုံးခဲ့ရပေမယ့် ဒီကစားသမားနှစ် ယောက် စလုံးဟာ အသင်းသစ်ဖြစ်တဲ့ အာဆင်နယ်မှာတော့ အလျင်အမြန်အံဝင်ပြီး […]